နတ်မောက်မြို့ရှိ ထရန်စဖော်မာများအား Timer နှင့် Sensor တပ်ဆင်ဆောင်ရွက်ထားရှိမှုများအား ကွင်းဆင်းကြည့်ရှု

နတ်မောက် မတ် ၆

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ရှိ ထရန်စဖော်မာ (၁၄) လုံးအား Timer နှင့် Sensor တပ်ဆင်ဆောင်ရွက်ထားရှိမှုများကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်လျှပ်စစ်မန်နေဂျာနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထို့သို့ကွင်းဆင်းဆောင်ရွက်ခဲ့ရာတွင် မြို့နယ်လျှပ်စစ်မန်နေဂျာနှင့် တာဝန်ခံအင်ဂျင်နီယာ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့က ထရန်စဖော်မာ (၁၄) လုံးဖြင့် မြို့ပေါ်ရပ်ကွက်များရှိ လမ်းမီးတိုင်များအား မီးပိတ်၊ မီးဖွင့်မှုအခြေအနေများအား Timer နှင့် Sensor ဖြတ်တောက်မှုမှန်ကန်စေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

လှဝင်း