သတင်းများ

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို ဘုတ်ပြင်းမြို့ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်သို့ တက်ရောက်ကြည့်ရှုအားပေး၊ ခန်းမဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲ တက်ရောက်
Nov 17,2025
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့တွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား/သူများ စာအုပ်စာပေလေ့လာဖတ်ရှုနိုင်ရန်၊ စာပေလေ့လာဖတ်ရှုခြင်းမှရရှိသော အသိပညာဗဟုသုတများကို ပြန်လည်အသုံးချမျှဝေပေးနိုင်ရန်၊ ကျောင်းသား/သူများ ကျန်းမာကြံ့ခိုင်သန်စွမ်းစေရန် ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍  စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ယမန်နေ့နံနက်ပိုင်းက ဘုတ်ပြင်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း (မအူပင်) ၌ တရားမဝင်လူကုန်ကူးမှု၊ အကြမ်းဖက်မှု၊ သက်ငယ်မုဒိမ်းမှု၊ သွေးဆောင်ဖြားယောင်းခိုးယူမှုများအား ကာကွယ်စောင့်ရှောက်ခြင်းနှင့် ပတ်သက်၍ အသိပညာပေးဟောပြောပွဲ ကျင်းပ
Nov 17,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့ရှိ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း (မအူပင်) ၌ ဧရာဝတီတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူးကျင်းပသည့် တရားမဝင် လူကုန်ကူးမှု၊ အကြမ်းဖက်မှု၊ သက်ငယ်မုဒိမ်းမှု၊ သွေးဆောင်ဖြားယောင်းခိုးယူမှုများနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲအား ယမန်နေ့နံနက် ၁၁ နာရီက အဆိုပါကျောင်းရှိ သသင်တန်းခန်းမတွင် ကျင်းပပြုလုပ်သည်။
တောင်ငူမြို့နယ်၌ မဲဆန္ဒရှင်​​ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆက်လက် ဆောင်ရွက်
Nov 17,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ၂၀၂၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို အဖွဲ့ (၁၀) ဖွဲ့ခွဲ၍ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များ၊ လူစည်ကားရာနေရာများနှင့် ကျေးရွာများ၌ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်သည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ကန့်ဘလူခရိုင်အတွင်းရှိ ပြည်သူ့စစ် (ဌာနေ) အဖွဲ့များနှင့် တွေ့ဆုံပွဲအခမ်းအနား တက်ရောက်ခြင်းနှင့် ကန့်ဘလူမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု လိုက်လံကြည့်ရှု
Nov 17,2025
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ကန့်ဘလူခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက ကန့်ဘလူခရိုင် စုပေါင်းရုံးရှိ ရွှေဆည်မြိုင်ခန်းမတွင် ကန့်ဘလူခရိုင်အတွင်းရှိ ပြည်သူ့စစ် (ဌာနေ) အဖွဲ့များနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း မြန်မာနိုင်ငံမှ I.S.P.E FC အမျိုးသမီးဘောလုံးအသင်းနှင့် မြောက်ကိုရီယားနိုင်ငံမှ NAEGOHYANG FC အမျိုးသမီးဘောလုံးအသင်းတို့၏ ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေး
Nov 16,2025
မြန်မာနိုင်ငံမှ I.S.P.E FC အမျိုးသမီးဘောလုံးအသင်းနှင့် မြောက်ကိုရီယားနိုင်ငံမှ NAEGOHYANG FC အမျိုးသမီးဘောလုံးအသင်းတို့၏ အာရှအမျိုးသမီးချန်ပီယံလိဒ်ပြိုင်ပွဲ အုပ်စုအဆင့်ပွဲစဉ်ကို ယမန်နေ့ညပိုင်းက ရန်ကုန်မြို့၊ သုဝဏ္ဏဘောလုံးကွင်း၌ ကျင်းပသည်။
မြောင်းမြမြို့တွင် မီးဘေးလုံခြုံရေး တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေး
Nov 16,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးလုံခြုံရေးအတွက်စစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်အတွင်းရှိ နေအိမ်များသို့ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များ စိုက်ပျိုးရေးလုပ်ငန်းများအား ကြည့်ရှုအားပေးခြင်းနှင့် ဂွေးတောက်ကွင်းကျေးရွာ တံတားတည်ဆောက်ရေးလုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေး
Nov 16,2025
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်တို့သည် ယမန်နေ့နံနက်ပိုင်းကစတင်၍ သာပေါင်းမြို့နယ်၊ လှေကြီးတက်ကျေးရွာအုပ်စု၌ ကော်ဖီပျိုးပင်များပေးအပ်ပြီး ကော်ဖီပျိုးပင်များ စိုက်ပျိုး၊ ဖြစ်ထွန်းနေမှုအခြေအနေအား ကြည့်ရှုအားပေးကာ ပြည်အေးခန်းမတွင် ၂၀၂၅-၂၀၂၆ ခုနှစ် ဆီထွက်သီးနှံ (ပဲပုတ်၊နေကြာ) မျိုးစေ့ပေးအပ်ပြီး ဂွေးတောက်ကွင်းကျေးရွာ တံတားတည်ဆောက်ရေးလုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
မိုးနဲမြို့နယ်၌ (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနား ကျင်းပ
Nov 16,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ဥယျာဉ်ရပ်ကွက် ဌာနစုပေါင်းရုံးဝန်းအတွင်းရှိ ကမ္ဘောဇခန်းမနေရာ၌ နိုဝင်ဘာ ၁၄ ရက်နေ့နံနက် ၈ နာရီအချိန်က (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။