ကျောက်ဆည်မြို့၌ ဒေသန္တရစီမံကိန်းရေးဆွဲခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေး ကျင်းပ
Jul 20,2026
ကျောက်ဆည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ယာယီရုံး) အစည်းအဝေးခန်းမတွင် ဒေသန္တရစီမံကိန်းရေးဆွဲခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယမန့်နေ့မွန်းလွဲ ၁ နာရီက ကျင်းပခဲ့ရာ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးသိန်းဌေးနှင့် တိုင်းဒေသကြီးစီမံကိန်းရေးဆွဲအအထည်ဖော်ရေးကော်မတီဝင်များ၊ တိုင်းဒေသကြီးလွှတ်တော်စီမံကိန်းဘဏ္ဍာရေးနှင့် စီးပွားရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကျောက်ဆည်ခရိုင် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဟိန်းအောင်နှင့်အဖွဲ့ဝင်များ၊ တံတားဦးခရိုင် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ချမ်းငြိမ်းနှင့် အဖွဲ့ဝင်များ၊ ကျောက်ဆည်မြို့နယ်၊ စဉ့်ကိုင်မြို့နယ်၊ မြစ်သားမြို့နယ်၊ တံတားဦးမြို့နယ် စီမံကိန်းရေးဆွဲအကောင်အထည် ဖော်ရေးကော်မတီ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ စုစုပေါင်း (၆၅) ဦးခန့် တက်ရောက်ခဲ့သည်။