ညောင်ဦး ဇူလိုင် ၂၀
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၌ နိုင်ငံတော်အစိုးရ၏ ရက် ၁၀၀ စီမံချက်ဖြင့် ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာ ပြန့်ပွားရေးဆရာဖြစ်သင်တန်း Training of Trainer (ToT) ဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၂၀ ရက် နံနက် ၉ နာရီက ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နော်ရထာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ညောင်ဦးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုက အဖွင့်အမှာစကားပြောကြားပြီးနောက် ခရိုင်ဥပဒေအရာရှိ ဦးအောင်မြင့်က သင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ အုပ်ချုပ်ရေးမှူးများဟာ နိုင်ငံတော်၏ အုပ်ချုပ်ရေးမဏ္ဍိုင်မှာ ပြည်သူလူထုနှင့်အနီးကပ်ထိတွေ့ပေါင်းစပ်၍ ဒေသဖွံ့ဖြိုးရေး၊ရပ်ရွာအေးချမ်း သာယာရေးနှင့်တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို ပြဌာန်းထားသည့် တည်ဆဲဥပဒေ၊ နည်းဥပဒေကို အကောင်အထည်ဖော်ရာမှာ အဓိကကျသည့်အလျောက် ဥပဒေပါ အခွင့်အရေးနှင့်တာဝန်များ ကို သိရှိလိုက်နာပြီး ပြည်သူလူထုကိုလည်း သိရှိလိုက်နာနိုင်ကြစေရန် ဆင့်ပွားဖြန့်ဝေပေးနိုင်ရန်နှင့် ပြည်သူလူထုအကျိုးကိုရှေးရှု၍ လုပ်ငန်းတာဝန်များကို ဥပဒေနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။ ဆက်လက်၍ မြို့နယ်ဥပဒေအရာရှိ ဦးဝင်းထက်ကျော်က သင်တန်းမှာပို့ချမည့် တည်ဆဲဥပဒေ၊ နည်းဥပဒေများ၊ သင်တန်းသားများလိုက်နာရမည့် စည်းကမ်းများကို ရှင်းလင်းပြောကြားသည်။ အဆိုပါသင်တန်းသို့ ရပ်ကွက်၊ ကျေးရွာအုပ်စု ၅၁ အုပ်စုမှ အုပ်ချုပ်ရေးမှူးများတက်ရောက်ကြပြီး သင်တန်းကာလမှာ ဇူလိုင် ၂၀ မှဇူလိုင် ၂၄ ရက်နေ့ထိ (၅) ရက်ကြာ သင်ကြားပို့ချပေးသွားဖြစ်ကြောင်း သိရသည်။
ဒီပါလင်း