ဖြူးမြို့နယ်အတွင်း ကျေးရွာနေပြည်သူများအား မီးခိုးမြူငွေ့လျှော့ချရေး အသိပညာပေးဟောပြော
Aug 04,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း ကျေးရွာနေပြည်သူများ ရာသီဥတုပြောင်းလဲမှုဘေးအန္တရာယ်ဆိုင်ရာများ သိရှိစေရေးအတွက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မြို့နယ်သစ်တောဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက တံခွန်တိုင်ကျေးရွာအုပ်စု၊ သဖန်းတန်းကျေးရွာမူလတန်းကျောင်း၌ ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာနေပြည်သူများအား မီးခိုးမြူငွေ့လျှော့ချရေး အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။