သတင်းများ

ပင်လောင်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းထူးချွန်အောင်မြင်ခဲ့သော ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ
Jul 20,2026
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းတွင် အောင်မြင်ခဲ့သော ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို အဆိုပါကျောင်းအစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်း ၁၀နာရီက ကျင်းပခဲ့ကြောင်းသိရသည်။
လားရှိုးမြို့တွင် သာ့သနာ့ဗိမာန်တော်ကြီး ပြန်လည်ပြုပြင်မွမ်းမံရန် ဩဝါဒခံယူပွဲနှင့် ပထမအကြိမ် အလှူငွေပေးအပ်ပွဲကျင်းပ
Jul 20,2026
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် သာ့သနာ့ဗိမာန်တော်ကြီး ပြန်လည်ပြုပြင်မွမ်းမံရန် ဩဝါဒခံယူပွဲနှင့် ပထမအကြိမ် အလှူငွေပေးအပ်ပွဲကို ယမန်နေ့က မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီး ပရိဝုဏ်အတွင်း၌ ကျင်းပရာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်‌အေးမင်းဦး၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်) ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်း၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အလှူရှင်များ တက်ရောက်သည်။
ပေါင်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာဒီရေတော‌ဂေဟစနစ် ထိန်းသိမ်း‌ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲပြုလုပ်
Jul 20,2026
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ဇူလိုင်လ ၁၈ ရက်နေ့က အ-ထ-က(မင်းတန်း)ကျောင်း၌ပြုလုပ်ခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာရှိ ဒေါ်တင်ဇာစိုးနှင့်ဝန်ထမ်းများ၊ သစ်တောဦးစီးဌာနမှ တောအုပ်ကြီးဦးဇော်လွင်ဦးနှင့် ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
နောင်တရားမြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တက္ကလိုလ်ဝင်တန်းအောင်မြင်သော ကျောင်းသား/ကျောင်းသူများအား ပညာထူးချွန်ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Jul 20,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ခဲ့ကြသော ကျောင်းသား/ကျောင်းသူများနှင့် ဂုဏ်ထူးဖြင့်ထူးချွန်စွာအောင်မြင်ခဲ့ကြသူများအား ပညာထူးချွန်ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ညောင်ရွှေမြို့၌ ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်းများ သင်တန်းဆင်းပွဲအခမ်းအနား ပြုလုပ်
Jul 20,2026
ဟိုတယ်နှင့်ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏လမ်းညွှန်မှု၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုတို့ဖြင့် ရှမ်းပြည်နယ်ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်သည့် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်းများ သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက်(၉)နာရီခွဲက ညောင်ရွှေမြို့၊ ဟူပင်ဟိုတယ်ခန်းမ၌ ပြုလုပ်ခဲ့သည်။
ရန်ကုန်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်၌ (၇၉)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အထူးပြပွဲ ပြသထားရာ လာရောက်လေ့လာသူ ရဟန်းရှင်လူပြည်သူများ၊ ကျောင်းသား/ ကျောင်းသူများဖြင့် အထူးပင်စည်ကား
Jul 20,2026
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်သည့် (၇၉)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ဗိုလ်ချို(၁)ရပ်ကွက် ဗိုလ်ချုပ်ပြတိုက်လမ်း (ယခင်တာဝါလိန်းလမ်း)ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)၌ ယခင် နှစ်များအတိုင်း အများပြည်သူ အခမဲ့ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ရေးအတွက် ယမန်နေ့နံနက် ၇ နာရီမှ ညနေ ၅ နာရီအထိ အထူးပြပွဲအပါအဝင် ပြခန်းများကို ခင်းကျင်းပြသထားရာ ကျောင်းသား/သူများနှင့် ဆရာ/ ဆရာမများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ အသင်းအဖွဲ့များ၊ ရဟန်းရှင်လူ ပြည်သူများ စိတ်ပါဝင်စားစွာ တစ်ခဲနက် လာရောက်ကြည့်ရှုလေ့လာခဲ့ကြပြီး အမျိုးသားပြတိုက် (ရန်ကုန်)မှ တာဝန်ရှိသူများက အသေးစိတ် လိုက်လံရှင်းပြခဲ့ကြသည်။
မိုင်းနောင်မြို့ လယ်ဓမ္မာရုံအပတ်စဥ်ဓမ္မစကူးလ်တွင် နယ်လှည့်စာကြည့်တိုက် ဆောင်ရွက်
Jul 20,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့၊ မြို့လယ်ဓမ္မာရုံတွင် အပတ်စဥ်ဓမ္မစကူးလ်တက်ရောက်နေသော ကျောင်းသားလူငယ်များအား ဓမ္မစာပေများအပြင် ပြင်ပဗဟုသုတများလေ့လာနိုင်ရန် နယ်လှည့်စာကြည့်တိုက်ကို ယမန်နေ့ နေ့လည်(၁)နာရီ အချိန်က ဆောင်ရွက်ခဲ့သည်။
ကျောက်တလုံးကြီးမြို့တွင် စာဖတ်ဝိုင်းပြုလုပ်
Jul 20,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် ကျောင်းသား၊ကျောင်းသူများနှင့် ပြည်သူများစာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန် စာရေးဆရာအောင်သင်း၏ လူငယ်ရဲ့ဘဝနှင့်တန်ဖိုးစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယနေ့နံနက် ၁၁ နာရီက ပြုလုပ်သည်။