သတင်းများ

ရန်ကင်းမြို့နယ်တွင် (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သဝဏ်လွှာဖတ်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ
Nov 16,2025
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားကို နိုဝင်ဘာ ၁၄ ရက်နေ့နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း သီရိရတနာခန်းမ၌ ကျင်းပသည်။
ဟင်္သာတမြို့နယ်တွင် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ဆရာ၊ ဆရာမများ ဘာသာရပ်ဆိုင်ရာ စွမ်းရည်မြှင့် အလုပ်ရုံဆွေးနွေးပွဲကျင်းပ
Nov 16,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဟင်္သာတမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့်တို့တွင် သင်ကြားလျက်ရှိသော  ဆရာ၊ ဆရာမများ ဘာသာရပ်ဆိုင်ရာ စွမ်းရည်မြှင့်အလုပ်ရုံဆွေးနွေးပွဲကို နိုဝင်ဘာ ၁၄ ရက်နေ့ နံနက် ၁၀ နာရီက စတင်ကျင်းပပြုလုပ်ခဲ့သည်။
 မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင့်လွင်၊ မြို့သစ်မြို့နယ်၊ ရေပြည့်ကျေးရွာ ကွန်ကရစ်လမ်းဖွင့်ပွဲတက်ရောက်
Nov 16,2025
(၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြုသောအားဖြင့် မြို့သစ်မြို့နယ်၊ ရေပြည့်ကျေးရွာ၊ ကျေးရွာတွင်း ကွန်ကရစ်လမ်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက  အဆိုပါမုခ်ဦးရှေ့၌ ကျင်းပသည်။
နောင်ချိုမြို့နယ်၌ အခြေခံပညာအထက်တန်းဆင့်၊ အလယ်တန်းဆင့်၊ မူလတန်းဆင့်ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းဖွင့်လှစ်
Nov 16,2025
ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ်၌ အခြေခံပညာအထက်တန်းဆင့်၊ အလယ်တန်းဆင့်၊ မူလတန်းဆင့်ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းဖွင့်ပွဲကို နိုဝင်ဘာ ၁၄ ရက် နံနက် ၉ နာရီအချိန်က အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
တောင်သာမြို့၌ မြန်မာအီလက်ထရောနစ်(MEVM)မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးစက် သရုပ်ပြပွဲအခမ်းအနားကျင်းပ
Nov 16,2025
မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့်လက်တွေ့စမ်းသပ်မဲပေးစက်သရုပ်ပြခြင်းကို မြို့နယ်ပြည်သူ့ဆေးရုံ၌လည်းကောင်း၊ မြို့မရဲစခန်း၌လည်းကောင်း အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကန့်ဘလူမြို့ မြို့ဦးကျောင်းတိုက်၌ ပုနောပသမ္ပဒ ကံထပ်မင်္ဂလာအခမ်းအနားကျင်းပ
Nov 16,2025
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီးဒေါ်မြင့်မြင့်အောင် မိသားစုတို့မှ ကန့်ဘလူမြို့ အမှတ်( ၃)ရပ်ကွက်ရှိ မြို့ဦးပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယက ဆရာတော်ဘဒ္ဒန္တတေဇိန္ဒသာရ(သဒ္မမ္မဇောတိကဓဇသာသနာ့ဓမ္မာစရိယ) နိုင်ငံတော်ဗဟိုသံဃဝန်ဆောင်  ဆရာတော် သက်တော် ၇၈ နှစ်၊ ဝါတော် ၅၈ ဝါအား ပုနေပသမ္ပဒ ကံထပ်ခြင်းမင်္ဂလာအလှူတော် ရေစက်ချအခမ်းအနားကို နိုဝင်ဘာ ၁၄ ရက်နံနက် ၉ နာရီက မြို့ဦးကျောင်းတိုက်၌ကျင်းပရာ ဆရာတော်နှင့်ပင့်သံဃာ ၄၀ ပါးတို့အားသိမ်ဆင်းတွင် ဝန်ကြီးချုပ်နှင့်အဖွဲ့၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများက လှူဖွယ်ဝတ္ထုငွေနှင့်ပစ္စည်းများ လောင်းလှူခဲ့ကြသည်။
ဆုတောင်းပြည့်ဆံတော်ရှင် ရွှေမော်ဓောစေတီတော်မြတ်ကြီး ဘက်စုံပြန်လည်မွမ်းမံအဆင့်မြှင့်တင်နေမှုတို့အား တိုင်းဒေသကြီးဝန်ကြီးချုပ် သွားရောက်ကြည့်ရှုစစ်ဆေး
Nov 16,2025
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ဆုတောင်းပြည့်ဆံတော်ရှင် ရွှေမော်ဓောစေတီတော်မြတ်ကြီးသို့ရောက်ရှိခဲ့ပြီး ရင်ပြင်တော်ပေါ်၌ တပ်မတော် ကြည်း၊ ရေ၊ လေ မိသားစု၏ အလှူအဖြစ် နေပူခံကျောက်ပြားခင်းနေမှုနှင့် အာရုံခံတန်ဆောင်များ ပြန်လည်ပြုပြင်မွမ်းမံအဆင့်မြှင့်တင်နေမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးတာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ညောင်တုန်းမြို့နယ်၊ စက္ကော့တောင်ကျေးရွာအုပ်စု၊ အုန်းပင်စုကျေးရွာတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှု
Nov 16,2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် နိုဝင်ဘာ ၁၄ ရက်နေ့ မွန်းလွဲပိုင်းက မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ စက္ကော့တောင်ကျေးရွာအုပ်စု၊ အုန်းပင်စုကျေးရွာတွင် (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားကိုတက်ရောက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဖွင့်ပွဲဆိုင်းဘုတ်အား မီးခလုပ်နှိပ်ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာများပက်ဖြန်းပေးခဲ့ကာ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများရိုက်ကူး၍ ကျေးရွာအတွင်းရှိ နေအိမ်များတွင် တပ်ဆင်ထားသော လျှပ်စစ်မီတာများနှင့် လျှပ်စစ်မီးသုံးစွဲနေမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လျှပ်စစ်မီးအားစနစ်တကျသုံးစွဲစေရေး မှာကြားသည်။