ရေကြည်မြို့နယ်၌ ကျေးရွာမြေငှားဂရန် ထုတ်ပေးနိုင်ရေး တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jul 20,2026
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ် ညောင်ငူကျေးရွာအုပ်စု၊ ညောင်ငူကျေးရွာရှိအိမ်ခြေ (၃၆) လုံး၊ ရွာမြေဧရိယာ (၅.၁၁၄) ဧကအား ကျေးရွာမြေငှားဂရန် ထုတ်ပေးနိုင်ရေးအတွက် အစိုးရသစ်ရက် (၁၀၀) စီမံချက်ဖြင့် မြေငှားဂရန်များ အမြန်ဆုံး ထုတ်ပေးနိုင်ရေးအတွက် မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းနှင့် ကျေးရွာမြေငှားဂရန် ထုတ်ပေးမည့် အိမ်များအား ကျုံပျော်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဝင်း၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဒေါ်ယဉ်ဝင်းစော၊ ခရိုင်မြေစာရင်းဦးစီးမှူး ဦးမင်းနောင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်လင်း၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ ယနေ့နံနက် (၁၀) နာရီအချိန်က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။