ကျောက်ဆည် ဇူလိုင် ၂၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြည်သူ့အားကစားကွင်း၌ ထူးချွန်ပြီး အလားအလာရှိသော လူငယ်ရွက်ပုန်းသီးအားကစားသမားများပေါ်ထွက်လာရေး ခရိုင်အားကစားကွင်းတွင် ယမန်နေ့မွန်းလွဲ ၃ နာရီခွဲက ကျောက်ဆည်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက် ၁၉ နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲတွင် ကျောက်ဆည်မြို့နယ်အသင်းနှင့် မြစ်သားမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ကျောက်ဆည်မြို့နယ်အသင်းမှ ၂ ဂိုး၊ ၁ ဂိုးဖြင့် အနိုင်ရရှိသွားကြောင်းနှင့် ပြိုင်ပွဲအပြီးတွင် ကျောက်ဆည်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ကျောက်ဆည်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထိုက်ထိုက်ဇော်၊ မြစ်သားမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီးဥက္ကဋ္ဌ ဦးမင်းအောင်နှင့် တာဝန်ရှိသူတို့က ပထမရရှိခဲ့သည့် ကျောက်ဆည်အသင်း၊ ဒုတိဆုရရှိသည့် မြစ်သား အသင်းနှင့် ရှေ့တန်း၊ အလယ်တန်း၊ နောက်တန်း၊ ဂိုးသမားနှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံး အားကစားသမားများအား ဆုများချီးမြှင့်ခဲ့ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)