ကျောက်ဆည်မြို့နယ်၌ ကောက်စိုက်စက်ဖြင့် မိုးစပါး သရုပ်ပြစိုက်ပျိုး
Jul 20,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်း၍ မိုးစပါးများစိုက်ပျိုးရာ၌ တစ်ဧက ကောက်ကွက်ပြည့်မီ၍ အထွက်နှုန်းတိုးပွားရေး၊ အချိန်နှင့်တစ်ပြေးညီ စိုက်ပျိုးပြီးစီးရေး ယမန်နေ့နံနက်ပိုင်းက ကောက်စိုက်စက်ဖြင့် မိုးစပါး လက်တွေ့စိုက်ပျိုးခြင်း သရုပ်ပြပွဲကို ဟန်မြင့်မိုရ်ကျေးရွာအုပ်စု တောင်သူ ဒေါ်နီလာအောင်၏ ကွင်းအမှတ် (၂၈၉)၊ လယ်မြေ (၃) ဧကတွင် ကျင်းပခဲ့ကြောင်း သိရသည်။