သတင်းများ

ပဲခူးမြို့နယ်တွင် ရာသီဥတုအခြေအနေကြောင့် ရက်ပြောင်းရွေ့ကျင်းပခဲ့ရသည့် တန်ဆောင်တိုင်မီးပုံးပျံလွှတ်တင်ပူဇော်ပွဲနှင့် တေးဂီတဖျော်ဖြေပွဲအား (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့တွင် စည်ကားသိုက်မြိုက်စွာ ပြန်လည်ကျင်းပ
Nov 16,2025
ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေမော်ဓောဘုရား ယာဉ်ရပ်နားကွင်းအတွင်း၌ ရာသီဥတုအခြေအနေကြောင့် ရက်ပြောင်းရွေ့ကျင်းပခဲ့ရသည့် တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံ လွှတ်တင်ပူဇော်ပွဲနှင့် တေးဂီတဖျော်ဖြေပွဲအား (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ဖြစ်သည့် ယမန်နေ့ညပိုင်းအချိန်က ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်အားပေးခဲ့ကြသည်။
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် ဘုတ်ပြင်းမြို့တွင် ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်
Nov 16,2025
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ညနေ(၃)နာရီအချိန်က တိုင်းဒေသကြီးအစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် ဟိုတယ်၊ မိုတယ်နှင့် တည်းခိုခန်းများတွင် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အလျင်အမြန်တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် ဘုတ်ပြင်းမြို့ မောင်လေးဟိုတယ်တွင် ကျင်းပပြုလုပ်သည့် ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းကို တက်ရောက်ကြည့်ရှုအားပေးကြသည်။
မှော်ဘီမြို့နယ်၌ အမျိုးသားအောင်ပွဲနေ့အားဂုဏ်ပြုကြိုဆိုသောအားဖြင့် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းအခမ်းအနား ကျင်းပ
Nov 16,2025
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်တွင် အမျိုးသားအောင်ပွဲနေ့အားကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် လူငယ်စကားဝိုင်းအခမ်းအနားကို နိုဝင်ဘာ ၁၄ ရက်နေ့ နံနက် (၁၀) နာရီအချိန်က မှော်ဘီမြို့ ညောင်နှစ်ပင် စက်မှု၊စိုက်ပျိုးမွေး မြူရေးအထက်တန်းကျောင်း(သီရိဆောင်)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
တွံတေးမြို့နယ်တွင် မိုးစပါးစံကွက်ရိတ်သိမ်းခြင်း၊ နေကြာမျိုးစေ့များ၊ ဓါတ်မြေသြဇာများနှင့် တိုက်ရိုက်မျိုးစေ့ချကိရိယာ (Drum Seeder) ပေးအပ်ပွဲကျင်းပ
Nov 16,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ ကုလားတန်းကျေးရွာအုပ်စုတွင် ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးစံပြကွက် စံပြစိုက်ခင်းရိတ်သိမ်းခြင်း၊ နေကြာမျိုးစေ့များ၊ ဓါတ်မြေသြဇာများနှင့်တိုက်ရိုက်မျိုးစေ့ချကိရိယာ (Drum Seeder) ပေးအပ်ပွဲကို ယမန်နေ့ ညနေ ၃ နာရီ အချိန်က ကုလားတန်းကျေးရွာကွင်းအမှတ်(၁၂၄-အေ) ဦးပိုင်အမှတ် (CN/၈)ရှိတောင်သူ ဦးအောင်မြင့်စိန် လယ်ယာမြေ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ကယားပြည်နယ်ဝန်ကြီးချုပ် မြို့သန့်ရှင်းသာယာရေးလုပ်ငန်းများ ဆောင်ရွက်မှုကြည့်ရှုအားပေး၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါပိုးစီကျေးရွာတွင် ပြန်လည်ဝင်ရောက်နေထိုင်သည့် ပြည်သူများအား အိမ်ဆောက်ပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်
Nov 16,2025
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို အစဉ်တစိုက် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်က ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ဒေသကွပ်ကဲရေးမှူး၊  ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် လွိုင်ကော်မြို့၊ ထေးငှားလျားကန်နှင့် ကန်ပတ်ဝန်းကျင်သန့်ရှင်းသာယာရေးဆောင်ရွက်နေမှု ကြည့်ရှုအားပေးပြီး ဒီးမော့ဆိုမြို့နယ်၊ ဒေါပိုးစီကျေးရွာနေ ပြည်သူများနှင့်တွေ့ဆုံ၍ အိမ်ဆောက်ပစ္စည်းများ၊ ထောက်ပံ့ငွေများပေးအပ်သည်။
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း ရွှေတိဂုံစေတီတော်အား ပန်း၊ ရေချမ်း၊ ဆီမီးများ ဆက်ကပ်လှူဒါန်း၊ ရွှေတိဂုံစေတီတော် (၁၀၇)ကြိမ်မြောက် စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂဟ စာလျှောက်မေးပွဲ ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်း
Nov 16,2025
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များသည် ယမန်နေ့ နံနက်ပိုင်းက ရွှေတိဂုံစေတီတော်အား ပန်း၊ ရေချမ်း၊ ဆီမီးများဆက်ကပ်လှူဒါန်းပြီး ရွှေတိဂုံ စေတီတော် (၁၀၇)ကြိမ်မြောက် စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂဟ စာလျှောက်မေးပွဲ ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းသည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့နယ် မိကျောင်းရဲမြို့ ကွမ်းအုံ(မြောက်)ကျေးရွာ လျှပ်စစ်မီးလင်းရေး ဖွင့်ပွဲအခမ်းအနားတက်ရောက်
Nov 16,2025
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားများ ပိုမို ထုတ်လုပ်ရရှိရေး၊ အိမ်ထောင်စုအလိုက် လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်မှု တိုးတက်မြင့်မားရေး၊ မီးမရရှိသေးသည့်ကျေးရွာများ လျှပ်စစ်ဓာတ်အား ရရှိရေးတို့အတွက် နှစ်အလိုက်ရန်ပုံငွေများ လျာထားခွင့်ပြုဆောင်ရွက်ပေးလျက်ရှိရာ မကွေးမြို့နယ် မိကျောင်းရဲမြို့ ကွမ်းအုံ(မြောက်)ကျေးရွာ လျှပ်စစ်မီးလင်းရေး  ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၁၃ ရက် နေ့နံနက်ပိုင်းက အဆိုပါကျေးရွာ ၁၁/ဝ.၄ ကေဗွီ ၂၀၀ ကေဗွီအေ ထရန်စဖော်မာရှေ့၌ ကျင်းပရာ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျေးရွာအသီးသီးမှ ဒေသခံ ရပ်မိရပ်ဖများ၊ ကျေးရွာ ပြည်သူများတက်ရောက်ခဲ့ကြသည်။
ရန်ကုန်တိုင်းဒေသကြီး ၂၀၂၅ ခုနှစ် (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပ
Nov 16,2025
ရန်ကုန်တိုင်းဒေသကြီး ၂၀၂၅ ခုနှစ် (၁၀၅)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခမ်းအနားကို နိုဝင်ဘာ ၁၄ ရက်နေ့လယ်ပိုင်းက အလုံမြို့နယ်၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၊ သီရိရတနာခန်းမတွင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ဇနီးဒေါ်မော်မော်သန်း၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/ မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ၊  မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် အမျိုးသမီးရေးရာအဖွဲ့တို့မှ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။