သတင်းများ

ဆီဆိုင်မြို့နယ်၌ ကျေးရွာအရောက် နှာခေါင်းစည်းများ အခမဲ့တပ်ဆင်ပေးခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ
Aug 28,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ပါလောပါကယ် ကျေးရွာအုပ်စု၊ ဆိုက်ခေါင်ကိုယ်ပိုင်ကျေးလက်ဈေးတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ(Covid-19)ကြိုတင် ကာကွယ်ရေးအတွက် နှာခေါင်းစည်းများ အခမဲ့တပ်ဆင်ပေးခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ယနေ့ နေ့လည်ပိုင်းက ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အခြေခံစားသောက်ကုန် ငါးမျိုးထောက်ပံ့ရာတွင် အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိခဲ့သည့် အိမ်ထောင်စု များအား ထောက်ပံ့ငွေများပေးအပ်
Aug 28,2020
ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ်တွင် နိုင်ငံတော်မှထောက်ပံ့သည့် အခြေခံစားသောက် ကုန်ငါးမျိုးထောက်ပံ့ရာတွင် အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိခဲ့သည့် အခြေခံလူတန်းစား အိမ်ထောင်စုများအား ဩဂုတ် ၂၈ ရက်က ဇီးကုန်းမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာအုပ်စု (၁၅)အုပ်စုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန် ရေး ကော်မတီမှ အဖွဲ့များခွဲ၍ ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ကြောင်း သိရသည်။
ဆီဆိုင်မြို့နယ်၌ စွမ်းဆောင်ရည်မြင့်သော အမျိုးသမီးများ ပေါ်ထွက်လာစေရန် အမျိုးသမီး ခေါင်းဆောင် မှု အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်
Aug 28,2020
ကျေးလက်နေပြည်သူများနှင့် ဌာနဆိုင်ရာများ ချိတ်ဆက်လုပ်ဆောင်မှု ပိုမိုအားကောင်း လာစေရန်၊ ကဏ္ဍ အသီးသီးမှ စွမ်းဆောင်ရည်မြင့်သော အမျိုးသမီးများ ပေါ်ထွက်လာစေရန်နှင့် လူငယ် အချင်းချင်း ကွန်ယက်ချိတ်ဆက်ပြီး လုပ်ငန်းဆောင်တာများအတူတကွလုပ်ဆောင်လာနိုင် စေရန် ရည်ရွယ်၍ မာဃဖွံ့ဖြိုး ရေးအဖွဲ့မှ ကြီးမှူးကျင်းပသည့် အမျိုးသမီးခေါင်းဆောင်မှု အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီခွဲက ပါလောပါကယ်ကျေးရွာအုပ်စု၊ ဆိုက်ခေါင်စံပြကျေးရွာရှိ ကန့်တန်ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပ ပြုလုပ်ခဲ့ ကြောင်း သိရသည်။
ကိုဗစ်-၁၉​ရောဂါ ကာကွယ်​ထိန်းချုပ်​ ကုသ​ရေးဆိုင်ရာကျန်းမာ​ရေးအ​ထောက်အကူပြုပစ္စည်းများ​စျေးနှုန်းမြှင့်တင်​ ဖြန်ဖြူးရောင်းချခြင်း မပြု​ရေး ကွင်းဆင်းစစ်​ဆေး
Aug 28,2020
ပဲခူးခရိုင်၊​ ကျောက်တံခါးမြို့နယ်အတွင်းရှိ ​ဆေးဝါးဆိုင်များ၊စတိုးဆိုင်များ၊ ကုန်စုံဆိုင်များတွင် ကိုဗစ်-၁၉​ရောဂါကာကွယ်ထိန်းချုပ်ကုသ​ရေးဆိုင် ရာ ကျန်းမာ​ရေးအ​ထောက်အကူပြု ပစ္စည်းများ ​စျေးနှုန်းမြှင့်တင်ဖြန့်ဖြူး​ရောင်းချခြင်း မပြုရန်နှင့် ကုန်စည်အမှတ်တံဆိပ်အညွှန်းများအား မြို့နယ် အစားအ​သောက်နှင့်​ဆေးဝါး ကြီးကြပ်ကွပ်ကဲ​ရေး​ကော်မတီ ဌာနဆိုင်ရာ ပူး​ပေါင်အဖွဲ့များဖြင့် ယ​နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့​ကြောင်း သိရသည်။
မိုင်းဆတ်မြို့၌ တောင်သူပညာပေးဆွေးနွေးပွဲနှင့် စီးပွားရေးကုစားမှုအစီအစဉ်(CERP )အရ မိုးစပါးမျိုးစေ့ ထုတ် တောင်သူများအား ထောက်ပံ့ငွေပေးအပ်
Aug 28,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ တောင်သူပညာပေးဆွေးနွေးပွဲနှင့် CERP အစီအစဉ်ဖြင့် မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့ နံနက်(၉)နာရီခွဲက မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပသည်။
ပန်လုံ၌ မသန်စွမ်းသူများအား ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက် ပေးအပ်
Aug 28,2020
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပန်လုံမြို့တွင် နိုင်ငံတော်မှ Covid-19 ကာလ မသန်စွမ်းသူများအား ထောက်ပံ့ငွေများကို မြို့အုပ်ချုပ်ရေးမှူးဦးအာကာထွန်းသိန်း နှင့်ရပ်ကျေးစာရေးများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး များသည် အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။
သီပေါမြို့နယ် ဆင်ကျော့ကျေးရွာအနီး ဘီးတွဲယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွား
Aug 28,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ဆင်ကျော့အုပ်စု၊ ဆင်ကျော့ကျေးရွာ အနီးတွင် ယနေ့ နံနက်၁၀နာရီအချိန်ခန့်က ကားတစ်စီးမီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ချင်းရွှေဟော်မြို့မှနေရပ်ပြန်ပြည်သူ (၁၄) ဉီး အား သက်ဆိုင်ရာဒေသများသို့ ထပ်မံလွှဲပြောင်းပို့ဆောင်
Aug 28,2020
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ရှိ နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား ချင်းရွှေဟော်မြို့ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်း ကော်မတီဉကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဉီးသက်ဉီးပိုင် နှင့် ကော်မတီအဖွဲ့ဝင်များက ၎င်းတို့၏သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များ သို့ ပြန်လည်ရောက်ရှိနိုင်ရေးအတွက် စနစ်တကျစီစဉ်လွှဲပြောင်း ပို့ဆောင်ပေးလျက်ရှိရာ ဩဂုတ်လ ၂၇ ရက်နေ့ ၊ ညနေ(၆) နာရီ အချိန်က(၆)ဉီး ၊ ယနေ့မွန်းလွဲ(၃)နာရီအချိန်က(၈)ဉီး စုစုပေါင်း နေရပ်ပြန်ပြည်သူ(၁၄)ဉီးအား လားရှိုးမြို့သို့ ထပ်မံ လွှဲပြောင်းပို့ဆောင်ပေးခဲ့သည်။