ချင်းရွှေဟော်မြို့မှနေရပ်ပြန်ပြည်သူ (၁၄) ဉီး အား သက်ဆိုင်ရာဒေသများသို့ ထပ်မံလွှဲပြောင်းပို့ဆောင်

ချင်းရွှေဟော်  ဩဂုတ်  ၂၈

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ရှိ နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား ချင်းရွှေဟော်မြို့ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်း ကော်မတီဉကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဉီးသက်ဉီးပိုင် နှင့် ကော်မတီအဖွဲ့ဝင်များက ၎င်းတို့၏သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များ သို့ ပြန်လည်ရောက်ရှိနိုင်ရေးအတွက် စနစ်တကျစီစဉ်လွှဲပြောင်း ပို့ဆောင်ပေးလျက်ရှိရာ ဩဂုတ်လ ၂၇ ရက်နေ့ ၊ ညနေ(၆) နာရီ အချိန်က(၆)ဉီး ၊ ယနေ့မွန်းလွဲ(၃)နာရီအချိန်က(၈)ဉီး စုစုပေါင်း နေရပ်ပြန်ပြည်သူ(၁၄)ဉီးအား  လားရှိုးမြို့သို့ ထပ်မံ လွှဲပြောင်းပို့ဆောင်ပေးခဲ့သည်။

အဆိုပါ ထပ်မံ  လွှဲပြောင်းပို့ဆောင်ပေးခဲ့သည့်  နေရပ်ပြန်ပြည်သူ(၁၄)ဉီးမှာ  အမျိုးသား(၇)ဉီး၊  အမျိုးသမီး(၇)ဉီး တို့ဖြစ်ပြီး ပဲခူးတိုင်း ဒေသကြီး၊ ပေါင်းတည်မြို့နယ်မှ(၂)ဉီး၊ မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်မှ(၁)ဉီး၊ ဆင်ပေါင်ဝဲမြို့နယ် မှ(၁)ဉီး၊ ရေစကြို မြို့နယ်မှ(၃)ဉီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်မှ(၁)ဉီး နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း အတွင်းရှိမြို့နယ် များမှ(၆)ဉီး တို့ဖြစ်ကြောင်း သိရသည်။

ထိုသို့  ချင်းရွှေဟော်မြို့   ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီမှ သက်ဆိုင်ရာ တိုင်း ဒေသကြီး/ ပြည်နယ်များသို့ နေရပ်ပြန်ပြည်သူများအား   စနစ်တကျ စီစဉ်လွှဲပြောင်း ပို့ဆောင်ပေးလျက်ရှိရာ  ဧပြီလ ၃၀ ရက်နေ့  မှ ယနေ့အထိ အမျိုးသား(၈၁၇၅)ဉီးနှင့် အမျိုးသမီး(၆၅၅၃)ဉီး တို့ဖြစ်ပြီး စုစုပေါင်း နေရပ်ပြန်ပြည်သူ (၁၄၇၂၈)ဉီး တို့ကို လွှဲပြောင်း ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

ဇင်ဇင်(ပြန်/ဆက်)