ပန်လုံ၌ မသန်စွမ်းသူများအား ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက် ပေးအပ်

ပန်လုံ            ဩဂုတ်         ၂၈

 

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပန်လုံမြို့တွင် နိုင်ငံတော်မှ Covid-19 ကာလ မသန်စွမ်းသူများအား ထောက်ပံ့ငွေများကို မြို့အုပ်ချုပ်ရေးမှူးဦးအာကာထွန်းသိန်း နှင့်ရပ်ကျေးစာရေးများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး များသည် အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။

ပန်လုံမြို့တွင် မသန်စွမ်းသူရပ်ကွက်(၁)မှ (၁)ဦး၊ ရပ်ကွက်(၂) မှ (၁)ဦး၊ ရပ်ကွက်(၃)မှ (၆)ဦး၊ ရွှေကျင်ထု ကျေးရွာမှ (၁) ဦး၊ မန်ကောင်း(ပန်လုံ)မှ(၁)ဦး ၊ စုစုပေါင်း(၁၀)ဦးကို တစ်ဦးလျှင် ငွေကျပ်(၃၀၀၀၀)နှုန်းဖြင့် စုစုပေါင်း ငွေကျပ်(၃၀၀၀၀၀/) ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ပန်လုံပြန်/ဆက်