သတင်းများ

ပေါင်းတည်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အတွက် အသိပညာပေး စာစောင်ဝေငှခြင်းနှင့် Mask Campaign ပြုလုပ်
Aug 30,2020
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါင်းတည်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ ဦးဆောင်၍ ပူးပေါင်း အဖွဲ့များနှင့်အတူ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး အတွက် အသိပညာပေး စာစောင် ဖြန့်ဝေခြင်းနှင့် Mask Campaign ပြုလုပ်၍ အခမဲ့တပ်ဆင်ပေးခြင်းကို ယနေ့ နံနက် ၇ နာရီက စတင်၍ မြို့မစျေးကြီး၊ ရွှေတည်စျေးသစ်အတွင်းနှင့် စျေးပတ်ဝန်းကျင်လမ်းများ အနှေးယာဉ် နှင့်သုံးဘီးယာဉ်ဂိတ်များသို့သွားရောက်ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ရေကြည်မြို့နယ် ငဝန်မြစ်အတွင်းသို့ ငါးသားပေါက်ကောင်ရေ (၅၄၀၀၀၀)စိုက်ထည့်
Aug 30,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသယံဇာတ ရေရှည်တည်တံ့ပွားများစေရန်၊
ကျုံပျော်တွင် Mask မတပ်ဆင်သူများအား ယခုဝယ် ယခုတပ်စနစ်ဆောင်ရွက်
Aug 30,2020
လက်ရှိဖြစ်ပွားလျှက်ရှိ​သော ကိုဗစ်-၁၉ ​ရောဂါ ကူးစက်မှုမှ ကာကွယ်နိုင်ရန်အတွက် ဧရာဝတီ တိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်တွင် Mask မတပ်ဆင်သူများအား ယခုဝယ် ယခုတပ် စနစ်ဖြင့် စတင်ဆောင်ရွက်ခြင်းကို သြဂုတ် ၃၀ ရက် နံနက်က စတင်ပြုလုပ်ခဲ့​သည်။
ကမမောင်းမြို့တွင် ကကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် Mask များ အခမဲ့ ဖြန့်ဝေ
Aug 30,2020
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အတွက်အသိပညာပေးခြင်းနှင့်နှာခေါင်းစည်း Mask များအခမဲ့ဖြန့်ဝေခြင်းကိုယနေ့ နံနက် ၈ နာရီအချိန်၌ မြို့အုပ်ချုပ်ရေးမှူး ဦးသန်းကျော်သူ နှင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးများ ပူးပေါင်း၍ လူစည်ကားရာစျေးဝင်း၊ကားဂိတ်၊ရပ်ကွက်လမ်းမများတွင် ဆောင်ရွက် ခဲ့ကြသည်။
ကျောင်းကုန်းမြို့တွင် နှာခေါင်းစည်းမ တပ်ဆင်သူများအား ယခုဝယ်ယခုတပ်အစီအစဉ် ဆောင်ရွက်
Aug 30,2020
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့တွင် နှာ‌ခေါင်းစည်း မတပ်ဆင်သူများအား ယခုဝယ် ယခုတပ် အစီအစဉ်ဖြင့် ယနေ့နံနက် ၈ နာရီ အချိန်က ကျောင်းကုန်း မြို့ဝင်လမ်းဆုံ၌ ဆောင်ရွက်ခဲ့သည်။
ရေကြည်မြို့နယ်တွင်နှာခေါင်းစည်းမတပ်သူများအား "ယခုဝယ် ယခုတပ်" စနစ်ဖြင့် ဆောင်ရွက်
Aug 30,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊‌ ရေကြည်မြို့နယ် လူစည်ကားရာနေရာများ၌ ယနေ့နံနက် (၈) နာရီအချိန်က နှာခေါင်းစည်းမတပ်သူများအား "ယခုဝယ်ယခုတပ်" အစီအစဉ်ဖြင့်ဒဏ်တပ် အရေးယူခဲ့ကြောင်း သိရသည်။
ငွေဆောင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နှာ‌ခေါင်းစည်းများ ဖြန့်ဝေခြင်းနှင့် အသိပညာ ပေးခြင်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Aug 30,2020
ဧရာဝတီ တိုင်းဒေသကြီး ၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့ အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် လူစည်ကားရာနေရာများတွင် နှာခေါင်းစည်းများဖြန့်ဝေခြင်း နှင့် အသိပညာပေးခြင်းလုပ်ငန်းများကို ယနေ့နံနက် ၈ နာရီမှ စတင်၍ ဆောင်ရွက်ခဲ့ကြသည်။
ဖျာပုံမြို့၌ ကိုဗစ်-၁၉ကော်မတီမှ နေအိမ်ပြင်ပသို့ထွက်ပါက နှာခေါင်းစည်း Mask များ တပ်ဆင် သွားလာနိုင်ရေး Mask Campaign ပြုလုပ်
Aug 30,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ ပြန်ရေးကော်မတီမှ ဦးဆောင်၍ နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာသူများအား Maskများအခမဲ့ဝေငှခြင်းကို ယမန်နေ့ နံနက်(၈)နာရီအချိန်က ဖျာပုံမြို့ ဒုတိယလမ်း မီပွိုင့် ဒေါင့်နှင့် မြောက်ပိုင်းစျေးရှေ့၌ပြုလုပ်ကြသည်။