ကျောက်တံခါး ဩဂုတ် ၂၈
ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်အတွင်းရှိ ဆေးဝါးဆိုင်များ၊စတိုးဆိုင်များ၊ ကုန်စုံဆိုင်များတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေးဆိုင် ရာ ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများ စျေးနှုန်းမြှင့်တင်ဖြန့်ဖြူးရောင်းချခြင်း မပြုရန်နှင့် ကုန်စည်အမှတ်တံဆိပ်အညွှန်းများအား မြို့နယ် အစားအသောက်နှင့်ဆေးဝါး ကြီးကြပ်ကွပ်ကဲရေးကော်မတီ ဌာနဆိုင်ရာ ပူးပေါင်အဖွဲ့များဖြင့် ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများ တွေ့ရှိမှုများပြားလာနေသဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေး ဆိုင်ရာ ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများဖြစ်သည့် နှာခေါင်းစည်းများ၊ လက်သန့်ဆေးများကို စျေးနှုန်းမြှင့်တင် ရောင်းချမှုမရှိစေရေး၊ ကုန်အမှတ် တံဆိပ် အညွှန်းများ မှန်ကန်မှူရှိစေရေးအတွက် မြို့နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ရေး ကော်မတီဝင် ဌာနဆိုင်ရာ အဖွဲ့အစည်းဝင်များက လိုက်လံစစ်ဆေးခဲ့ကြသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးဆိုင်ရာပစ္စည်းများဖြစ်သည့် နှာခေါင်းစည်းများ၊ လက်သန့်ဆေးများ မတန်တဆ စျေးနှုန်းမြှင့်တင် ရောင်းချနေသည့် ဆိုင်များတွေ့ရှိရခြင်း၊ သတင်းပေးတိုင်ကြားမှုများဖြစ်ပေါ်လာ ပါက အရောင်းဆိုင်များအား အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရအရေးယူခြင်းခံရမည်ဖြစ်ကြောင်း အသိပညာ ပေးဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
စန်းစန်း(ပြန်/ဆက်)