ကနီမြို့နယ် ဝင်မနား-တောင်ပြင်လမ်းပေါ်၌ ကုန်ကားတိမ်းမှောက်မှုဖြစ်ပွား
Aug 29,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ် ချင်းတွင်းမြစ်မြောက်ဘက်ခြမ်း ဝင်မနား- တောင်ပြင် လမ်းမပေါ်၌ ကျော်ဇင်လင်း(ခ)ငလင်း မောင်းနှင်လာသော ယာဉ်အမှတ် MDY 6B/7742 condor (ကုန်ကား)(၆) ဘီးအဖြူရောင် မော်တော်ကားသည် အရှိန်မထိန်းနိုင်ဘဲ ယမန်နေ့ နံနက် ၇ နာရီခွဲအချိန်ခန့်က တိမ်းမှောက်ခဲ့ရာ ၎င်းယာဉ်ပေါ် ပါရှိလာသော ဦးခင်မောင်မြင့်၊ ဦးမြို့အောင်၊ ဒေါ်မှတ်ပိုတို့(၃)ဦးနှင့် ကလေးငယ်(၄)နှစ်သား ကျားတစ်ဦးတို့မှာ ဝင်မနားတိုက်နယ်ဆေးရုံတွင် သေဆုံးခဲ့ပါကြောင်းနှင့် ဒဏ်ရာရရှိသူ(၁၀)ဦးဖြစ်ကြောင်း မြို့နယ်စီမံခန့်ခွဲမှုကော်မတီရုံးမှ သိရသည်။