သီပေါ သြဂုတ် ၂၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ဆင်ကျော့အုပ်စု၊ ဆင်ကျော့ကျေးရွာ အနီးတွင် ယနေ့ နံနက်၁၀နာရီအချိန်ခန့်က ကားတစ်စီးမီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ သီပေါမြို့မှ မိုင်းရယ်မြို့သို့ မောင်းနှင်လာသော ယာဉ်အမှတ် 3D/---- ဘီးတွဲယာဉ်သည် ဆင်ကျော့ကျေးရွာအနီး မိုင်းရယ်− သီပေါသွားကားလမ်းမပေါ်တွင် ကားစလစ်ဖြစ်ကာ ဆီတိုင်ကီအဖုံးပွင့်ပြီး ဆီတိုင်ကီဘေးရှိ ဝါယာကြိုးများ ပွတ်တိုက်မိရာမှ မီးပွားထွက်ပြီးဆီတိုင်ကီသို့ ကူးစက်၍ ကားမီးလောင်ခြင်း ဖြစ်ကြောင်း၊ မီးလောင်ရာသို့ သီပေါမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ်တစ်စီးဖြင့် သွားရောက် မီးငြိှမ်းသတ်ပေးခဲ့ရာ နံနက် ၁၀နာရီ ၄၅မိနစ်အချိန်ခန့်တွင် မီးငြိှမ်းသွားခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုနှင့်ပတ်သက်၍ ဘီးတွဲယာဉ်အား ပေါ့ဆစွာ မောင်းနှင်သူကို သီပေါမြို့မရဲ စခန်းတွင် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)