သတင်းများ

သပိတ်ကျင်းမြို့နယ် ကျောက်ကြီးကျေးရွာအနီးတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွား
Aug 29,2020
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်အတွင်း ကျောက်ကြီးကျေးရွာအနီး ကျောက်ကြီးကုန်း အဆင်း တွင် ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က ယာဉ်တစ်စီး တိမ်းမှောက်ခဲ့ကြောင်း သိရ သည်။
မိုင်းပျဉ်းမြို့မစျေးအတွင်းနှင့် ယာယီပျံကျစျေးတို့တွင် စျေးရောင်း၊ စျေးဝယ်သူများ နှာခေါင်းစည်းများ တပ်ဆင်ရန် ကြပ်မတ်ဆောင်ရွက်
Aug 29,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေချိန်အတွင်း မြို့မစျေး အတွင်းနှင့် ယာယီပျံကျစျေးတို့တွင် စျေးရောင်း၊ စျေးဝယ်သူများ၊ ရောဂါပိုးကူးစက်ပျံ့ပွားမှု မရှိစေရေး နှာခေါင်း စည်းများ တပ်ဆင်ရန် ကြပ်မတ်ဆောင်ရွက်ခြင်းကို တာဝန်ရှိသူများက ယနေ့ နံနက် ၆ နာရီက ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ရှားတောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Aug 29,2020
ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် ထိန်းချုပ် ကုသနိုင်ရေးအတွက် မြို့နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။
ဆွမ်ပရာဘွမ်မြို့နယ်၌ မကျန်းမာသော မွေးစမှ ၅ နှစ်အောက်ကလေး ပေါင်းစည်းကုသခြင်းသင်တန်းဆင်း
Aug 29,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်တွင် မကျန်းမာသော မွေးစမှ ၅ နှစ်အောက်ကလေး ပေါင်းစည်းကုသခြင်း သင်တန်းဆင်းပွဲကို ယမန်နေ့ မွန်းလွဲ ၄ နာရီက မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ကျင်းပခဲ့သည်။
ကော့သောင်းခရိုင် ပြန်/ဆက်မှ COVID-19 ရောဂါကာကွယ်တားဆီးရေး အသိပညာပေး လုပ်ငန်းများဆောင်ရွက်
Aug 29,2020
ယနေ့ကမ္ဘာနိုင်ငံများတွင် ဖြစ်ပေါ်ကူးစက်ပျံ့ပွားလျက်ရှိသည့် COVID-19 ရောဂါ ကူးစက်ဖြစ်ပေါ်နေမှုများအား ထိန်းချုပ်နိုင်ရေးနှင့် သတိပြုဆင်ခြင် နိုင်ရေးအတွက် ကော့သောင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့တွင် COVID-19 အသိပညာပေးနံရံကပ်ဘုတ်များ ယနေ့ နံနက်ပိုင်းက စတင်၍ ခင်းကျင်းပြသ ဆောင်ရွက် ထားကြောင်းသိရသည်။
ကိုဗစ်-၁၉ ရောဂါအသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်မှုကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးလိုက်လံနှိုးဆော်၍ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ
Aug 29,2020
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပုလောမြို့နယ်၊ ဘေးန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးမှူး ​ဒေါ်စောမြနွယ်နှင့် ဝန်ထမ်းများ၊ မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများနှင့် လက္ကူးကျေးရွာမှ ဖေးမကူညီ တွဲလက်များ၊ ပရဟိတအသင်းတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ (ဒုတိယလှိုင်း) အသက်ရှှူ လမ်းကြောင်းဆိုင်ရာ ကူးစက်မှု ကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ ယမန်နေ့ နံနက်(၈)နာရီက ပုလောမြို့နယ် ရှပ်ပုံကျေးရွာ၌ အသိပညာပေး လိုက်လံနှိုးဆော်လျက်ရှိကြောင်း သိရှိရသည်။
ခိုကိုးရာမဲ့ မသန်စွမ်း အဘိုးအဘွားများအတွက် ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်နီနှင့် ကြက်ဥများ ဒါနပြုလိုက်လံပေးဝေလှူဒါန်း
Aug 29,2020
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့ ရွှေစေတီကျောင်းဆရာတော် ဦးတေဇဝံသ အမှူးပြုသော ပုညကာရီ ပရဟိတအသင်းအဖွဲ့မှ ညောင်ဦးမြို့နယ် ချောင်းရှည်ကျေးရွာရှိ ခိုကိုးရာမဲ့ မသန်စွမ်း အဘိုးအဘွားများအတွက် ယမန်နေ့ ညနေပိုင်းက ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်နီနှင့် ကြက်ဉများ ဒါနပြု လိုက်လံပေးဝေလှူဒါန်းခဲ့ကြောင်း ပုညကာရီပရဟိတအသင်းထံမှ သိရသည်။
နောင်မွန်မြို့နယ်၌ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် ပညာပေးဟောပြောပွဲကျင်းပ
Aug 29,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ် ပြည်သူ့ဆေးရုံတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် MAM (Medical Action Myanmar) တို့ ပူးပေါင်း၍ ကျင်းပသောအာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် ပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်(၁၀) နာရီက ကျင်းပခဲ့သည်။