သတင်းများ

ဘိုကလေးမြို့နယ်တွင် မိုးကြိုးဘေးသင့်၍ သေဆုံးသူ၏ မိသားစုဝင်အား ထောက်ပံ့ငွေပေးအပ်
Aug 29,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အေးရွာကျေးရွာအုပ်စု၊ (၃)ကညင်ကျေးရွာတွင် ဩဂုတ်(၂၇)ရက်၊ ညနေ(၅)နာရီခွဲအချိန်၌ မိုးရွာသွန်းပြီး မိုးကြိုးပစ်ခဲ့ရာ ၎င်းကျေးရွာနေ အမျိုးသားတစ်ဦး မိုးကြိုးဘေးသင့်၍ သေဆုံးခဲ့ခြင်းကြောင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ယမန်နေ့ ညနေ(၄)နာရီ၌ သေဆုံးသူ၏ မိသားစုဝင်များအား လက်ဝယ်အရောက် ထောက်ပံ့ငွေပေးအပ်ခဲ့သည်။
မင်္ဂလာတောင်ညွန့်မြို့နယ်တွင် အခြေခံကျန်းမာရေးပညာရှင်(၁၅)ဦးအတွက် Mobile Tablet (၁၅)လုံး လွှဲပြောင်းပေးအပ်
Aug 29,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် တာဝန်ထမ်း ဆောင်လျက်ရှိသော အခြေခံကျန်းမာရေး ပညာရှင်များ အသုံးပြုနိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဖြန့်ဝေပေးသော Mobile Tablet များအား ပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ကျင်းပပြုခဲ့သည်။
ဘုရားသုံးဆူမြို့တွင် Covid-19 ကြိုတင်ကာကွယ်ရေးအတွက် မြို့မဈေးတွင် အသိပညာပေးမှုများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Aug 29,2020
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့တွင် ပြည်သူများအား Covid-19 ကူးစက်မှုမှ ကြိုတင်ကာကွယ်ရေး အသိ ပညာပေးခြင်းနှင့် Mask များဖြန့်ဝေပေးခြင်းကို ဘုရားသုံးဆူမြို့ စည်ပင်သာယာရေးအဖွဲ့နှင့် ကျေးလက်ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ ယနေ့ နံနက် ၈ နာရီ အချိန်က ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ညောင်ဦးမြို့တွင် ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်အထက် ၃၆ စင်တီမီတာကျော်နေ
Aug 29,2020
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့တွင် ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာ အထက်တွင် ရှိနေသေးကြောင်း ယနေ့ နံနက် ၆ နာရီ၊ မိုးလေ ဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ထံမှ သိရသည်။
လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်လဲရာမှ ဘုန်းတော်ကြီးကျောင်းအား ပိခဲ့သဖြင့် နတ်လမ်းများ ပျက်စီး
Aug 29,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ကြို့ပင်သာအုပ်စု၊ စစ်ကုန်းကျေးရွာတွင် ယမန်နေ့ ညနေ ၃ နာရီအချိန်က လေပြင်းတိုက်ခတ်မှု ကြောင့် သစ်ပင်လဲရာမှ ဘုန်တော်ကြီးကျောင်း နတ်လမ်းများ ပျက်စီးခဲ့ကြောင်း သိရသည်။
ဂန့်ဂေါမြို့နယ် ပိုဦးကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေထုတ်ချေးပေး
Aug 29,2020
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျေးလက်နေ ပြည်သူများအား မိသားစုဝင်ငွေတိုးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန်အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေ ထုတ်ချေးပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ပိုဦး ကျေးရွာ ဓမ္မာရုံ၌ ထုတ်ချေးပေးခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီး အရာရှိ ဦးသက်ပိုင်စိုးထံမှ သိရသည်။
ကရင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ မဲစာရင်းပြည့်စုံမှန်ကန်ရေးနှင့်ပတ်သက်၍တွေ့ဆုံဆွေးနွေး
Aug 29,2020
ကရင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပ နိုင်ရေး ပြင်ဆင်မှုတစ်ခုအနေဖြင့် မဲစာရင်းပြည့်စုံမှန်ကန်ရေးနှင့် ပတ်သက်၍ ညှိနှိုင်းမှုများ ရရှိစေရေး စသည့် ရည်ရွယ်ချက်များဖြင့် ကရင်ပြည်နယ်အတွင်းရှိ ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ များသည် ယမန်နေ့ နံနက်(၁၀)နာရီက ဘားအံမြို့ ဇွဲကပင်ခန်းမတွင် လုပ်ငန်းညှိနှိုင်းဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။
ဘားအံမြို့ အမှတ်(၁)အဆင့်မြင့်စံပြစျေးတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးဆောင်ရွက်
Aug 29,2020
ကရင်ပြည်နယ်၊ ဘားအံမြို့ အမှတ်(၁)အဆင့်မြင့် စံပြစျေး၌ စျေးရောင်းချနေသူများ၊ စျေးဝယ်လာသူ များ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဖြစ်စေရေး ယမန်နေ့ နံနက်(၇)နာရီအချိန်က ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်သည် ​ပြည်နယ်စည်ပင်သာယာ ရေးအဖွဲ့နှင့် တာဝန်ရှိသူများ လိုက်ပါ၍ သွားရောက်ကွင်းဆင်း ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။