သတင်းများ

ခန္တီးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် Mask ဖြန့်ဝေခြင်း ဆောင်ရွက်
Aug 29,2020
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေခြင်းနှင့် Mask ဖြန့်ဝေ ခြင်းကို ယနေ့ နံနက် ၉ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့ရှိ လူစည်ကားရာနေရာဖြစ်သော ကမ်းနားလမ်းနှင့် ဈေးလမ်းဆုံ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဂန့်ဂေါမြို့ ရုံးပေါင်းစုံလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်မှု ရာနှုန်းပြည့်ပြီးစီး
Aug 29,2020
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ငွေလုံး ငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော မြို့မရပ်ကွက်ရှိ မြစ်သာမြစ်ရှောင်လမ်းနှင့် ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာရုံးများသို့ ဆက်သွယ်သည့် ရုံးပေါင်းစုံလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက် လျက်ရှိရာ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း တာဝန်ခံအင်ဂျင်နီယာ ဦးကျော်ကျော်အောင်ထံမှ သိရ သည်။
တမူးမြို့တွင် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေး အိမ်တိုင်ရာရောက် စနစ်တကျ လိုက်လံစစ်ဆေး ပြင်ဆင်ဆောင်ရွက်
Aug 29,2020
တမူးမြို့တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲပေးရာတွင် ကျန်ရှိမှုမရှိစေရေး၊ မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေး၍ ပြင်ဆင်ဖြည့်စွက်ပေးခြင်း လုပ်ငန်းများကို သြဂုတ်(၂၅)ရက်နေ့မှ စတင်၍ ယနေ့ထိ ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဒေါ်ဆွေသက်အောင် ထံမှသိရှိရသည်။
မြိုင်ကြီးငူ အထူးဒေသ၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး
Aug 29,2020
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူ အထူးဒေသရှိ ကျေးရွာများ၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး အသိပညာပေး ခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့သည်။
ခရမ်းမြို့နယ်တွင် Cash For Work လုပ်ငန်းများ အောင်မြင်ပြီးစီးမှုများအား ကွင်းဆင်းစစ်ဆေး
Aug 29,2020
ရန်ကုန်တောင်ပိုင်းခရိုင် ၊ခရမ်းမြို့နယ်အတွင်း Cash For Work စီမံကိန်းဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် ပုဂံတောင် ကျေးရွာ၊ ရွာပတ်လမ်းအား ဂဝံ ရေနုတ်မြောင်း ဆောင်ရွက်ပြီးစီးမှုများကို ယမန်နေ့ နံနက် ၈ နာရီက ခရမ်းမြို့နယ် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ကိုဗစ်ကာလ စီးပွားရေးကုစားမှုအစီအစဉ်အရ မိုးစပါးမျိုးစေ့ထုတ်လုပ်ခြင်း‌ တောင်သူ နည်းပညာပေး သင်တန်းပို့ချ
Aug 29,2020
စစ်ကိုင်းတိုင်းဒေသကြီး၊‌ ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့တွင် ကိုဗစ်ကာလ စီးပွားရေးကုစားမှုအစီအစဉ် (CERP) အရ မိုးစပါးမျိုးစေ့ထုတ်လုပ်ခြင်း တောင်သူနည်းပညာပေးသင်တန်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်တွင် ကျောက်မြောင်းမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် သင်တန်းပို့ချဖွင့်လှစ် ကြောင်း သိရသည်။
လမ်းမတော်မြို့နယ် UMFCCI တွင် အာရှဖောင်ဒေးရှင်းမှ ဆောင်ရွက်လျက်ရှိသော “မြန်မာ့စီးပွားရေး ဝန်းကျင်ညွှန်းကိန်း - ၂၀၂၀” ဒုတိယအကြိမ် သုတေသန လေ့လာတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေး
Aug 29,2020
လမ်းမတော်မြို့နယ် UMFCCI တွင် အာရှဖောင်ဒေးရှင်းသည် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ပံ့ပိုးကူညီပေးမှုဖြင့် “မြန်မာ့စီးပွားရေးဝန်းကျင်ညွှန်းကိန်း-၂၀၂၀” ဒုတိယအကြိမ် သုတေသန လေ့လာတွေ့ရှိချက်များကို စာတမ်းပြုစုခဲ့ပြီးဖြစ်၍ ယမန်နေ့တွင် အဆိုပါ လေ့လာ တွေ့ရှိ ချက်များကို Power Point Presentation ဖြင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး ကုန်သည်စက်မှုအသင်းချုပ်မှ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဒေါက်တာဝင်းစည်သူနှင့် အလုပ် အမှုဆောင်များ တက်ရောက်ခဲ့ကြ သည်။
ပန်းဘဲတန်းမြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ သိမ်ကြီးဈေးအတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်
Aug 29,2020
ပန်းဘဲတန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေးလုပ်ငန်းများကို သိမ်ကြီးဈေးရှိ ဈေးရောင်း၊ ဈေးဝယ်ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။