ဘိုကလေး ဩဂုတ် ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အေးရွာကျေးရွာအုပ်စု၊ (၃)ကညင်ကျေးရွာတွင် ဩဂုတ်(၂၇)ရက်၊ ညနေ(၅)နာရီခွဲအချိန်၌ မိုးရွာသွန်းပြီး မိုးကြိုးပစ်ခဲ့ရာ ၎င်းကျေးရွာနေ အမျိုးသားတစ်ဦး မိုးကြိုးဘေးသင့်၍ သေဆုံးခဲ့ခြင်း ကြောင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ယမန်နေ့ ညနေ(၄)နာရီ၌ သေဆုံးသူ၏ မိသားစုဝင်များအား လက်ဝယ်အရောက် ထောက်ပံ့ငွေပေးအပ်ခဲ့သည်။
ထောက်ပံ့ငွေပေးအပ်ရာတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသော်ထက်အောင်မှ ထောက်ပံ့ငွေ(၃)သိန်း ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း၊ မိုးကြိုးဘေးကြောင့် သေဆုံးသူမှာ အေးရွာကျေးရွာအုပ်စု၊ (၃) ကညင်ကျေးရွာနေသူသည် ၎င်းအိမ်တွင် ရှိနေစဉ် မိုးရွာသွန်းပြီး မိုးကြိုးပစ်ခြင်းခံရခြင်းကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)