ညောင်ဦး ဩဂုတ် ၂၉
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့၏ ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာဖြစ်ပြီး ယနေ့နံနက် ၆ နာရီအချိန် တိုင်းထွာချက်အရ ၂၁၅၆ စင်တီမီတာရှိကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။
ညောင်ဦးမြို့တွင် ဧရာဝတီမြစ်ရေသည် နောက်နှစ်ရက်အတွင်း တဖြည်းဖြည်း ကျဆင်းသွားနိုင်ကြောင်း၊ ဧရာဝတီမြစ်ရေ ဝင်ရောက်နေသည့် သာယာဝတီရပ်၊ သီလရင်စုရပ်နှင့် ဝက်ကြီးအင်းရပ်တို့သည် ဧရာဝတီမြစ်ရေတက်တိုင်း အဓိက ရေဝင်ရာရပ်ကွက်များဖြစ်ကြောင်း ညောင်ဦးမြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူက ပြောကြားသည်။
ကိုထိန်၊KPD