ဂန့်ဂေါမြို့နယ် ပိုဦးကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေထုတ်ချေးပေး

ဂန့်ဂေါ ဩဂုတ် ၂၉

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျေးလက်နေ ပြည်သူများအား မိသားစုဝင်ငွေတိုးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန်အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေ ထုတ်ချေးပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ပိုဦး ကျေးရွာ ဓမ္မာရုံ၌ ထုတ်ချေးပေးခဲ့ကြောင်း မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးသက်ပိုင်စိုးထံမှ သိရသည်။

ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးသက်ပိုင်စိုးက မြစိမ်း ရောင်ကျေးရွာ စီမံကိန်း၏လုပ်ငန်းများအကြောင်း၊ စီမံကိန်းလုပ်ငန်းများ တိုးတက်စေရန် ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေး နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်၍ ငွေထုတ်ချေးကြရန် ဆွေးနွေးပြောကြားသည်။

ဂန့်ဂေါမြို့နယ် ပိုဦးကျေးရွာအနေဖြင့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေ ကျပ်သိန်း(၃၆၀) ရရှိခဲ့ပြီး စိုက်ပျိုးရေး လုပ်ကိုင်သူ(၆၉)ဦးအတွက် ငွေကျပ်(၁၁၅)သိန်း၊ မွေးမြူရေးလုပ်ကိုင်သူ(၁၂၈)ဦးအတွက် (၂၂၈)သိန်းနှင့် အရောင်း အဝယ်လုပ်ကိုင်သူ (၈)ဦးအတွက် (၁၇)သိန်းတို့အား  ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်အညီ အသင်းသားများ လက်ဝယ်အရောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေချေးငွေများ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ထင်အောင်နိုင်(ဂန့်ဂေါ)