မင်္ဂလာတောင်ညွန့်မြို့နယ်တွင် အခြေခံကျန်းမာရေးပညာရှင်(၁၅)ဦးအတွက် Mobile Tablet (၁၅)လုံး လွှဲပြောင်းပေးအပ်

ရန်ကုန် သြဂုတ် ၂၉

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် တာဝန်ထမ်း ဆောင်လျက်ရှိသော အခြေခံကျန်းမာရေးပညာရှင်များ အသုံးပြုနိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဖြန့်ဝေပေးသော Mobile Tablet များအား ပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ကျင်းပခဲ့သည်။

အဆိုပါ Samsung Tab-A အမျိုးအစား Mobile Tablet (၁၅) လုံးအား မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဥမ္မာမြင့်က အခြေခံကျန်းမာရေးပညာရှင်များဖြစ်သည့် ကျန်းမာရေးကြီးကြပ် ()၊ ကြီးကြပ်()နှင့် အမျိုးသမီး ကျန်းမာရေးဆရာမ(၁၅)ဦးအား ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ယနေ့ခေတ်တွင် နည်းပညာပိုင်းဆိုင်ရာ မြင့်မားလာသည်နှင့်အမျှ ကျန်းမာရေးဝန်ထမ်းများ၏ အသိပညာဗဟုသုတများ ပိုမိုမြင့်မားလာစေရန် အတွက်လည်း ကောင်း၊ စွမ်းဆောင်ရည် မြင့်မားလာစေရန်လည်းကောင်း၊ ကျန်းမာရေးအသိပညာပေး နှိုးဆော်မှုဆိုင်ရာ စာအုပ်၊ စာတမ်းများ လေ့လာနိုင်စေရန် လည်းကောင်း ရည်ရွယ်၍ ဆေးပညာဆိုင်ရာအသုံးချ Application များ လုပ်ငန်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ထည့်သွင်း ထားရှိသည့် Mobile Tablet များကို ဖြန့်ဝေပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ချစ်စုဝေ (ပြန်/ဆက်)