လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်လဲရာမှ ဘုန်းတော်ကြီးကျောင်းအား ပိခဲ့သဖြင့် နတ်လမ်းများ ပျက်စီး

မိုးညို ဩဂုတ် ၂၉

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ကြို့ပင်သာအုပ်စု၊ စစ်ကုန်းကျေးရွာတွင် ယမန်နေ့  ညနေ ၃ နာရီ အချိန်က လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်လဲရာမှ ဘုန်တော်ကြီးကျောင်း နတ်လမ်းများ ပျက်စီးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ စစ်ကုန်းကျေးရွာရှိ ဝိဇိတရာမဘုန်းတော်ကြီးကျောင်းဝန်းအတွင်း ဧရာဝတီမြစ်ရေဝင်ရောက်နေစဉ် လေပြင်း တိုက်ခတ်မှုကြောင့် ဘုန်းတော်ကြီးကျောင်းအနီးရှိ စိန်ပန်းပင်မှာ ပြိုလဲခဲ့သဖြင့် ဘုန်းတော်ကြီးကျောင်း နတ်လမ်းပေါ်နှင့် မီးစက်ပေါ်သို့ပိခဲ့ပြီး သစ်သား/သွပ်မိုး နတ်လမ်း ၅ ခန်းနှင့် မီးစက်/ဒိုင်နမို အနည်းငယ်ထိခိုက်ပျက်စီးခဲ့ပြီး ခန့်မှန်း တန်ဘိုး (၁၀)သိန်းကျပ်ခန့် ပျက်စီးဆုံးရှုံးခဲ့သည်။

လေပြင်းတိုက်ခတ်မှုကြောင့် လူနှင့်တိရိစ္ဆာန်ထိခိုက်မှုမရှိကြောင်း၊ ဘုန်းတော်ကြီးကျောင်း၊ နတ်လမ်းပျက်စီးခြင်းအား ပြုပြင်ခြင်းနှင့် လိုအပ်သည်များကို ကြို့ပင်သာအုပ်စုအုပ်ချုပ်ရေးမှူးအဖွဲ့နှင့် ကျေးရွာနေပြည်သူများမှ ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ကိုမင်း(မိုးညို)