ဘုရားသုံးဆူ ဩဂုတ် ၂၉
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့တွင် ပြည်သူများအား Covid-19 ကူးစက်မှုမှ ကြိုတင် ကာကွယ်ရေး အသိပညာပေးခြင်းနှင့် Mask များဖြန့်ဝေပေးခြင်းကို ဘုရားသုံးဆူမြို့ စည်ပင်သာယာရေးအဖွဲ့နှင့် ကျေးလက်ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ ယနေ့ နံနက် ၈ နာရီ အချိန်က ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ထို့နောက် ဈေးရောင်းဈေးဝယ်များ နှာခေါင်းစည်း (Mask)များ တပ်ဆင်ကြရန် နှိုးဆော်ခြင်း၊ သတ်မှတ် နေရာ များ၌ စနစ်တကျရောင်းချစေခြင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကျန်းမာရေး အသိပညာပေးများကို ရှင်းလင်းပြခြင်းနှင့် Mask များ တပ်ဆင်လာခြင်းမရှိသော စျေးရောင်း စျေးဝယ်များကို စျေးအဝင်ပေါက်မှ တားဆီးကာ Mask များ တပ်ဆင်လာရန်အသိပညာပေးပြီး Mask များကို အခမဲ့ ဖြန့်ဝေပေးခဲ့ပြီး ပြည်သူများ Mask တပ်ဆင်လာကြရန် သတိပေးခြင်းနှင့် အသိပညာပေးခြင်းများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
စောရဲဝင်းထွဋ် (ပြန်/ဆက်)