သတင်းများ

ဖားကန့်၌ မသန်စွမ်းသူများအား မြို့နယ်ကြက်ခြေနီအသင်းခွဲမှ အကူပြုပစ္စည်းကိရိယာများ ထောက်ပံ့
Aug 29,2020
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါ၊ မကာပင်၊ ဆပ်ပြာချောင်းတို့မှ မသန်စွမ်းသူ(အသစ်)များအား မြို့နယ်ကြက်ခြေနီအသင်းခွဲမှ မသန်စွမ်းသူများပြန်လည်ထူထောင် ရေးလုပ်ငန်းစဉ်တစ်ရပ်အဖြစ် အကူပြုပစ္စည်းကိရိယာများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP) အစီအစဉ်နှင့် ဘက်စုံအဆင့်မြင့် နည်းပညာသုံး စံပြစိုက်ခင်းများအတွက် ဓာတ်မြေသြဇာများ အခမဲ့ပေးအပ်
Aug 29,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် မြို့နယ်စိုက်ပျိုးရေးဉီးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း စီးပွားရေးကုစားမှု COVID-19 Economic Relief Plan (CERP) အစီအစဉ်နှင့် ဘက်စုံ အဆင့်မြင့်နည်းပညာသုံး စံပြစိုက်ခင်းများအတွက် မျိုးသန့်၊ မျိုးစေ့ထုတ်လုပ်ငန်းများ ဆောင်ရွက်သော တောင်သူလယ်သမားများအတွက် ဓာတ်မြေသြဇာများ ပေးအပ်ခြင်းကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး ခန်းမ၌ ယမန်နေ့ နေ့လယ် ၂ နာရီခွဲက တောင်သူလက်ဝယ်အရောက် အခမဲ့ပေးအပ်ခဲ့သည်။
မင်းဘူးမြို့တွင် ကိုဗစ်-၁၉ Relief Package (1) ခရီးသွားလုပ်ငန်း (အခြေခံ) သင်တန်းဖွင့်လှစ်
Aug 29,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့တွင် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနက စီစဉ်ဖွင့်လှစ်သော ကိုဗစ်-၁၉ Relief Package (1) ခရီးသွားလုပ်ငန်း (အခြေခံ) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ယင်းမာပင်မြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းသို့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးမှ ကွင်းဆင်း စစ်ဆေး
Aug 29,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းသို့ ယနေ့နံနက်ပိုင်းက စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်စိုးမှ Quarantine Center ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေး စဉ်ဆက်မပြတ် ဆောင်ရွက်
Aug 29,2020
၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင် စာရင်းများ ပြည့်စုံမှန်ကန်မှု ရှိစေရေး ပထမအကြိမ် မဲဆန္ဒရှင်စာရင်းအား ဇူလိုင် ၂၅ ရက်နေ့မှ သြဂုတ် ၇ ရက် အထိ(၁၄)ရက်နှင့် သြဂုတ် ၈ ရက်မှ ၁၄ ရက်အထိ ထပ်တိုး(၇) ရက်ဖြင့် ရပ်ကွက် / ကျေးရွာအုပ်စုများရှိ ကော်မရှင်အဖွဲ့ခွဲရုံးများနှင့် သတ်မှတ်နေရာ အသီးသီး၌ ကပ်ထားကြေညာပြီးဖြစ်ရာ ယမန်နေ့ ညနေပိုင်းအထိ ပုံစံ(၃)ဖြင့် လျှောက်ထားသူ(၁၈၈၂)ဦး၊ ပုံစံ(၄)ဖြင့် ကန့်ကွက်သူ(၁၇၄၄)ဦး၊ ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်ရန်လျှောက်ထားသူ (၁၀၅၁)ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။
စေတုတ္တရာမြို့တွင် စိုက်ပျိုးနည်းစနစ်(၄)မျိုး ယှဉ်ပြိုင်စမ်းသပ်ကွက် လက်တွေ့စမ်းသပ်စိုက်ပျိုး
Aug 29,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် စိုက်ပျိုးမှုနည်းပညာ ဖွံ့ဖြိုးတိုးတက် လာသည်နှင့်အမျှ ဒေသခံတောင်သူ များအား စိုက်ပျိုးမှု နည်းပညာသစ်များဖြင့် စိုက်ပျိုးနိုင်စေရေး ကွင်းဆင်း ဆောင်ရွက်ပေး လျက်ရှိရာ ယနေ့နံနက်ပိုင်းက အမှတ်(၂)ရပ်ကွက်ရှိ တောင်သူ ဦးထွန်းအေးကျော်၏ လယ်မြေတွင် ဆင်းသုခ စပါးမျိုး စိုက်ပျိုးနည်းစနစ်(၄)မျိုး ယှဉ်ပြိုင် စမ်းသပ်ကွက် လက်တွေ့စမ်းသပ်စိုက်ပျိုးခြင်းကို ကွင်းဆင်းဆောင်ရွက် ခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၀ ပြည့်နှစ် မိုးရာသီ သီးနှံထုတ်လုပ်မှု ဘဏ်ချေးငွေနှင့် ကိုဗစ်-၁၉ အထူးချေးငွေများ ထုတ်ချေးပြီးစီး
Aug 29,2020
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၀ ပြည့်နှစ် မိုးရာသီ သီးနှံထုတ်လုပ်မှု ဘဏ်ချေးငွေကို သြဂုတ် ၂၄ ရက်နေ့နှင့် ကိုဗစ်-၁၉ အထူးချေးငွေများကို သြဂုတ် ၂၈ ရက်နေ့တွင် အပြီးထုတ်ချေးပြီးဖြစ် ကြောင်း သိရသည်။
ကော့ကရိတ်မြို့နယ် သမဝါယမအသင်းစုမှ အ​ခြေခံအသင်းသားများကို အာလူးနှင့်ကြက်သွန်ဖြူ အခမဲ့ဖြန့်​ဝေ​ပေး
Aug 29,2020
ကရင်ပြည်နယ်၊​ ကော့ကရိတ်မြို့တွင်၊ မြို့နယ်သမဝါယမဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် မြို့နယ်သမဝါယမအသင်း စုမှ တစ်ဆင့် အသင်းသားများအား ယမန်​နေ့နံနက်ပိုင်းက အာလူးနှင့်ကြက်သွန်ဖြူတို့ကို အခမဲ့ဖြန့်​ဝေ​ပေးလျက်ရှိ​ကြောင်း သိရသည်။