ပန်းဘဲတန်းမြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ သိမ်ကြီးဈေးအတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်

ပန်းဘဲတန်း ဩဂုတ် ၂၉

ပန်းဘဲတန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေးလုပ်ငန်းများကို သိမ်ကြီးဈေးရှိ ဈေးရောင်း၊ ဈေးဝယ်ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရ သည်။

ပန်းဘဲတန်းမြို့နယ် စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်(၁) ဦးစိုးနိုင်ထွန်းနှင့် အဖွဲ့ဝင်များသည် သိမ်ကြီးဈေးရှိ ဈေးရောင်းသူ၊ ဈေးဝယ်သူပြည်သူများ လက်သန့်ဆေးရည်အသုံးပြုပြီး လက်မကြာခဏ ဆေးရန်၊ နေအိမ်ပြင်ပ ထွက်ခွာ ပါက နှာခေါင်စည်း မဖြစ်မနေတပ်ဆင်သွားလာကြရန်၊ ကျန်းမာရေး ဝန်ကြီးဌာနမှထုတ်ပြန်သော ကျန်းမာရေး သတင်းများ ဖတ်ရှုရန် အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ပြီး ဈေးရောင်း၊ ဈေးဝယ်ပြည်သူများ နှာခေါင်းစည်း တပ်ဆင် လာခြင်း မရှိသူများအား Mask တပ်ဆင်ပေးခြင်း၊ နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်း ဆောင်ရွက်လျက်ရှိကြောင်း သိရှိရ သည်။

နေခြည်(ပြန်/ဆက်)