ကိုဗစ်ကာလ စီးပွားရေးကုစားမှုအစီအစဉ်အရ မိုးစပါးမျိုးစေ့ထုတ်လုပ်ခြင်း‌ တောင်သူ နည်းပညာပေး သင်တန်းပို့ချ

ကျောက်မြောင်း ဩဂုတ် ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊‌ ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့တွင် ကိုဗစ်ကာလ စီးပွားရေးကုစားမှုအစီအစဉ် (CERP) အရ မိုးစပါးမျိုးစေ့ထုတ်လုပ်ခြင်း တောင်သူနည်းပညာပေးသင်တန်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်တွင် ကျောက်မြောင်း မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် သင်တန်းပို့ချဖွင့်လှစ် ကြောင်း သိရသည်။

ပထမဦးစွာ ကျောက်မြောင်းမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးထွန်းအေးခိုင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ကြပြီး  မြို့စိုက်ပျိုး ရေးဦးစီးမှူး ဒေါ်ခင်ဝင်းက သင်တန်းပို့ချရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားပြီးနောက် ချီပါမျိုးသန့်ခြံ တာဝန်ခံ ဦးမင်းဆွေမှ မျိုးစပါးထုတ်လုပ်ခြင်းအကြောင်း ရှင်းလင်း ဆွေးနွေးခြင်း၊ ရွှေဘိုခရိုင် သီးနှံကာကွယ်ရေးတာဝန်ခံ ဒေါ်မာချိုမှ ပိုးမွှားရောဂါအကြောင်း အကျယ် တဝင့် ရှင်းလင်းဆွေးနွေးခြင်းနှင့် ခရိုင်မျိုးစေ့တာဝန်ခံ ဒေါ်မေကြွယ်ဝင်းမှ မျိုးစေ့နှင့်နည်းပညာဆိုင်ရာ များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းသို့ ကျောက်မြောင်းမြို့အတွင်းရှိ တောင်သူများတက်ရောက်ခဲ့ကြပြီး တောင်သူများကိုယ်စား မခေါက် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှိုင်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။

ဇင်ပိုင်မှူး(ကျောက်မြောင်း)