သတင်းများ

ထီးချိုင့်မြို့နယ်တွင် စီးပွားရေးကုစားမှုအစီအစဉ် CERP အရ မိုးစပါးမျိုးစေ့ထုတ် ဆောင်ရွက်သည့်တောင်သူများအား စိုက်ပျိုးစရိတ်ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကျင်းပ
Aug 29,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာလ စီးပွားရေးကုစားမှု CERP အစီအစဉ်ဖြင့် မိုးစပါး စီးပွားဖြစ် မျိုးသန့်၊ မျိုးစေ့ ထုတ်တောင်သူများအား မျိုးဖိုးနှင့်စိုက်ပျိုးစရိတ်ထောက်ပံ့ငွေပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲ (၂)နာရီက မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ကွမ်းလုံ၌ ၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား/ကျောင်းသူများ ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Aug 29,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား/ကျောင်းသူများ ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီက အခြေခံပညာအထက်တန်းကျောင်း (ကွမ်းလုံ)၊ သံလွင်ဆောင်ခန်းမ၌ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။
ဒေါ့ဖုန်းယန်မြို့ဈေးအတွင်းတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် နှာခေါင်းစည်း Mask တပ်ဆင်နိုင်ရေး အသိပညာပေးခြင်းဆောင်ရွက်
Aug 29,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့ ဈေးအတွင်းတွင် ဈေးရောင်းဈေးဝယ်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် နှာခေါင်းစည်း Mask တပ်ဆင်နိုင်ရေးအတွက် အသိပညာပေး ဆောင်ရွက် ခြင်း ကို ယနေ့ နံနက် ၇ နာရီကမြို့မဈေးတွင် ပြုလုပ်ခဲ့သည်။
ရေကြည်မြို့နယ် အသုတ်မြို့ မြို့မဈေးရှေ့၌ ပြည်သူများအား နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ
Aug 29,2020
ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးနှင့်ထိန်းချူပ် ရေးလုပ်ငန်း များကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ အသုတ်မြို့ရှိ ဒေသခံပြည်သူများအနေ ဖြင့် ပေါ့ဆစွာ နေထိုင် ခြင်း မပြုကြရန်နှင့် မိမိနေအိမ်မှ ပြင်ပ ထွက်ခွာ သွားလာရာတွင် အသိ သတိ အမြဲရှိနေစေရေးတို့အတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီမှ ယနေ့ နံနက်(၈)နာရီတွင် လူစည်ကားရာ မြို့မဈေးရှေ့၌ ပြည်သူများအား နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ပုသိမ်မြို့တွင် မဲဆန္ဒရှင်စာရင်းများမှ ပုံစံ(၃)၊ ပုံစံ(၄)၊ ပုံစံ(၄-ဂ)ဖြင့် လျှောက်ထားသူများကို ပြင်ဆင် ဆောင်ရွက်ပေး
Aug 29,2020
ပုသိမ်မြို့တွင် ယမန်နေ့အထိ ​ရပ်ကွက်၊ ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများတွင် မဲဆန္ဒရှင် များအား ပုံစံ-၃ ၊ပုံစံ - ၄၊ ပုံစံ ၄-ဂ တို့ဖြင့် လျှေက်ထားသူများကို မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးများတွင် မဲစာရင်းထည့်သွင်းခြင်း၊ ပယ်ဖျက်ခြင်း ၊ပြင်ဆင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ရပ်ကွက် နှင့် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲ ရုံးများက ပုံစံ-၃ ဖြင့် လျှောက်ထား လာသူ ၃၈၁၅ ဦး၊ မဲစာရင်း၌ မပါဝင်သင့်သူများ ပါဝင်နေ၍ ပုံစံ -၄ ဖြင့်လာရောက် ကန်ကွက်သူ ၉၅၃ ဦး မဲစာရင်းနှင့်ပတ် သက်၍ ပြင်ဆင်လွှာ ပုံစံ ၄-ဂ ဖြင့်လျှောက်ထားသူ ၁၂၉၃ ဦးအား ပြင်ဆင်ပြီးစီးကြောင်းသိရသည်။
တန့်ယန်းမြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးနိုင်ရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေးနေ
Aug 29,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် အထွေထွေရွေးကောက်ပွဲကြီးအတွက် ပြည့်စုံသော မဲဆန္ဒရှင်စာရင်း ရရှိစေရန်နှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း၌ နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားရရှိစေရေးနှင့် ဆန္ဒမဲပေးခွင့် ရရှိစေရေး အတွက် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာန မှူးရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ရပ်ကွက်၊ ကျေးရွာများသို့ ကွင်းဆင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေး လျက်ရှိသည်။
ဟိုပုံးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် နှာ​ခါင်းစည်းMaskများ​ ဖြန့်ဝေခြင်းနှင့် အသိပညာ​ပေးခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်​ဆက်လက်ဆောင်ရွက်
Aug 29,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ် နိုင်ရေးအတွက် မြို့နယ်အတွင်းရှိ သီရိမင်္ဂလာ ရွှေချမ်းသာ မွေတော်ဘုရားကြီး ရှေ့လမ်းဆုံနှင့် ဟိုပုံးမြို့မဈေးသွားလမ်းတွင် နှာ​ခေါင်းစည်း Mask များ​ဖြန့်ဝေ ခြင်းနှင့် အသိပညာ​ပေးခြင်းလုပ်ငန်းများ ကို ယနေ့ နံနက် ၈ နာရီအချိန်မှစတင်၍ ဆောင်ရွက်ခဲ့ ကြသည်။
ကျောင်းကုန်းမြို့တွင် ကိုဗစ်-၁၉ ကာလ စည်းကမ်းနှင့်အညီ မဲပေးနိုင်ရေးညှိနှိုင်းဆွေးနွေး
Aug 29,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ရပ်ကွက်၊ ကျေးရွာ ကော်မရှင်အဖွဲ့ခွဲတို့ ကိုဗစ်-၁၉ ကာလ စည်းကမ်းနှင့်အညီ ဆန္ဒမဲပေးနိုင်ရေးအတွက် ညှိနှိုင်း ဆွေးနွေးပွဲကို အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အေးချမ်းသာယာခန်းမ၌ ယနေ့ နံနက် ၉ နာရီအချိန်က ဆွေးနွေးပွဲပြုလုပ်ခဲ့ကြသည်။