ခန္တီး သြဂုတ် ၂၉
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေခြင်းနှင့် Mask ဖြန့်ဝေ ခြင်းကို ယနေ့ နံနက် ၉ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့ရှိ လူစည်ကားရာနေရာဖြစ်သော ကမ်းနားလမ်းနှင့် ဈေးလမ်းဆုံ၌ ပြုလုပ်ခဲ့ ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းကို ခန္တီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ စည်ပင် သာယာရေး၊ မီးသတ်ဦးစီး ဌာနနှင့် အမျိုးသမီးရေးရာအဖွဲ့၊ ကြက်ခြေနီ စသည့် အရပ်ဖက်အဖွဲ့အစည်းတို့က ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး Mask မပါဘဲ အိမ်ပြင်ထွက်သူများကို Mask တပ်ဆင်ပြီးမှသာ အိမ်အပြင်ထွက်ရန်ပညာပေးပြီး Mask နှင့် လက်ကမ်း စာစောင် များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အမ်းအင်းလမ်း (ပြန်/ဆက်)