လှိုင်းဘွဲ ဩဂုတ် ၂၉
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူ အထူးဒေသရှိ ကျေးရွာများ၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့သည်။
ထိုသို့ အသိပညာပေးလုပ်ငန်းကို မြိုင်ကြီးငူတိုက်နယ် ဆရာဝန်ဒေါက်တာသန်းထိုက်အောင် ကိုယ်တိုင် ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါကို ပြည်သူများအနေဖြင့် အသိ၊ သတိရှိစွာနှင့် နေထိုင်သွားလာ ကြရန် လက်ကိုမကြာခဏ ဆေးကြော သန့်စင်ရန်၊ အပြင်ထွက်တိုင်း နှာခေါင်းစည်းများ မဖြစ်မနေ တပ်ဆင်ပြီးမှသာလျှင် သွားလာကြရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သည့် ညွှန်ကြားချက်များ၊ ကျန်းမာရေးဆရာ/မများ၊ ကျေးရွာတာဝန်ရှိသူများ၏ အသိပေးညွန်ကြားချက်အတိုင်းလိုက်နာကြရန် အသိပေးပြောကြားပြီး မြိုင်ကြီးငူဒေသ အတွင်း ရှိ မနက်ဈေး၊ ကားဂိတ်၊ စက်လှေဂိတ်၊ အနှေးယာဉ်ဂိတ်၊ တက္ကစီဂိတ်များသို့ ကွင်းဆင်း၍ အသိပညာပေးဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)