သတင်းများ

မဟာအောင်မြေမြို့နယ်တွင် ပြည်သူများအား Mask များ အခမဲ့ပေးဝေ
Aug 30,2020
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် လူတိုင်းဘယ်နေရာသွားသွား Mask တပ်သွားစေရန် အတွက် လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်တာဝန် ရှိသူများ ပူးပေါင်းကာ သြဂုတ်လ (၃၀)ရက် နံနက် (၉)နာရီက သန်လျှက်မော် အနောက် ရပ်ကွက်တွင် ပြည်သူများအား Mask များ အခမဲ့ ပေးဝေခဲ့ကြောင်း သိရသည်။
မောက်မယ်မြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး Mask များတပ်ဆင်ခြင်း ရှိ/မရှိရှောင်တခင်စစ်ဆေး
Aug 30,2020
ရှမ်းပြည်နယ် ( တောင်ပိုင်း )၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ကိုဗစ်-၁၉ ကူးစက် ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏
လင်းခေးတွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး မြို့နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနက လှည့်လည်နှိုးဆော်
Aug 30,2020
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ပြည်သူလူထုအတွင်း ပိုမိုသိရှိလိုက်နာစေရေး လှည့်လည်နှိုးဆော်ပေး ခြင်း လုပ်ငန်းကို ယနေ့နံနက်ပိုင်းက လင်းခေးမြို့နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူတို့က မြို့လူစည် ကားရာနေရာတို့တွင် ကွင်းဆင်း ဆောင် ရွက်ခဲ့ကြ ကြောင်း သိရသည်။
စစ်ကိုင်းပညာရေးကောလိပ်တွင် စာကြည့်တိုက် ဆောက်လုပ်မှု (၇၅) ရာခိုင်နှုန်းကျော် ပြီးစီး
Aug 30,2020
စစ်ကိုင်းပညာရေး ကောလိပ်တွင် အလျား(၉၀) ပေ၊ အနံ(၃၀) ပေရှိ နှစ်ထပ် စာကြည့်တိုက် ဆောက်လုပ်လျက်ရှိရာ (၇၅) ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
မိုးညိုမြို့နယ်၌ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ စစ်ဆေး အသိပညာပေး
Aug 30,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ ရောင်းချခြင်းရှိ/မရှိ တို့ အားစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းကို ယမန်နေ့ည ၇ နာရီခွဲအချိန်က ဆောင်ရွက်ခဲ့သည်။
စေတုတ္တရာမြို့နယ်တွင် Cash For Work စီမံကိန်းဖြင့် လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအား ကွင်းဆင်းစစ်ဆေး
Aug 30,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကိုဗစ်-၁၉ရောဂါကြောင့် လူမှုစီးပွားဘဝထိခိုက်မှုများကို တုံ့ပြန်ဆောင်ရွက်သည့်အနေဖြင့် ကျေးလက်နေ ပြည်သူများ ဝင်ငွေရရှိစေမည့် Cash For Work စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နေ့လယ်ပိုင်းက မင်းဘူးခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမြင့်သိန်း၊ စေတုတ္တရာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသိန်းဇော်ထွန်းနှင့်ဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ဘာသာရေးအဆောက်အအုံများအား ကွင်းဆင်း စစ်ဆေး
Aug 30,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် အတွင်းရှိ ဘာသာရေး အဆောက်အအုံများဖြစ်သည့် Church၊ ဗလီ၊ ဘုရားကျောင်းများအား မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးငြိမ်းချမ်းအောင်နှင့် ကော်မတီဝင်များက ယမန်နေ့မွန်းလွဲ ၁ နာရီက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ဝေါလေမြိုင်မြို့တွင် ဆိုလာစနစ်ဖြင့် လျှပ်စစ်မီးလင်းရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Aug 30,2020
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့တွင် ဆိုလာစနစ်ဖြင့် လျှပ်စစ်မီးလင်းရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဝေါလေမြိုင်မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီခွဲက ကျင်းပခဲ့ကြောင်း သိရသည်။