သတင်းများ

ကော့သောင်းမြို့သို့ပြည်ပမှ တရားမဝင် ပြန်လည်ဝင်ရောက်လာသူများအားကြပ်မတ် ထိန်းချုပ်မှုများဆောင်ရွက်
Aug 30,2020
ကော့သောင်းခရိုင်အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်ရေးလုပ်ငန်းများသတိပြုကြပ်မတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ညပိုင်းက ရေလမ်းခရီးဖြင့် ကော့သောင်းမြို့သို့ပြည်ပမှ တရားမဝင်ပြန်လည် ဝင်ရောက်လာသူများအား ရှာဖွေဖေါ်ထုတ်ကာ အသွားအလာကန့်သတ်စောင့်ကြည့်ထား ရှိကြောင်းသိရသည်။
တာချီလိတ်မြို့တွင် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ပြန်လည်မြင့်တင်နိုင်ရန် Covid-19 Relief Package 1 ခရီးသွားလုပ်ငန်း (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ
Aug 30,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ကိုဗစ်-19 ကြောင့် ကျဆင်းလျက်ရှိသော စီးပွားရေးကို ပြန်လည်မြင့်တင်နိုင်ရန်ရည်ရွယ်၍ Covid-19 Relief Package 1 ခရီးသြား လုပ်ငန်း(အခြေခံ) သင်တန်းဆင်းပွဲအခမ်းအနားကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီး ဌာနရုံး community centre ခန်းမ၌ ယမန်နေ့က ကျင်းပခဲ့ ကြောင်းသိရှိရသည်။
တနင်္သာရီမြို့နယ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ပေးသည့် အိမ်သုံးမီတာခကြေး ငွေအား အိမ်တိုင်ရာရောက် လိုက်လံပေးအပ်
Aug 30,2020
တနင်္သာရီတိုင်းဒေသကြီးအစိုးအဖွဲ့မှ ထောက်ပံ့သည့်အိမ်သုံးလျှပ်စစ်မီတာခကြေး ငွေများအား မြိတ်ခရိုင်၊ တနင်္သာရီ မြို့နယ်အတွင်းရှိ မြို့ပေါ် ရပ်ကွက်များ၊ မီတာသုံးစွဲနေသောကျေးရွာအချို့အား လျှပ်စစ်မီးဖြန်းဖြူး ပေးနေသည့် ဖိုးသီးချို(Ptc) လျှပ်စစ်မီးလင်းရေးကုမ္ပဏီမှ ဝန်ထမ်းများက အဖွဲ့-၄ဖွဲ့ခွဲ၍ အိမ်တိုင်ရာရောက် လိုက်လံရှင်းပြကာ ငွေပေးအပ်ကြကြောင်း သိရှိရသည်။
ဆွမ်ပရာဘွမ်မြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်
Aug 30,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်တိုး၊ မြို့နယ်လုပ်ငန်းအရေးအသွေးစစ်ဆေးရေးအဖွဲ့၊ မြို့စည်ပင်သာယာရေးကော်မတီ နှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
မိတ္ထီလာမြို့နယ်တွင် Cash For Work စီးမံကိန်းဖြင့် ကျေးရွာ ၂၀ တွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်
Aug 30,2020
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့် အလှမ်းရရှိစေရန် Cash For Work စီးမံကိန်းဖြင့် ကျေးရွာ (၂၀)တွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
တုံတာမြို့၌ ကိုဗစ်-၁၉ရောဂါ စီးပွားရေးကုစားမှုအစီအစဉ်အရ မျိုးစေ့ထုတ်စိုက်ခင်းအား မျိုးကွဲနုတ်ပယ်ခြင်းများ ကွင်းဆင်းဆောင်ရွက်
Aug 29,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့၌ နိုင်ငံတော်အစိုးရ၏ ထောက်ပံ့မှုဖြင့် ကိုဗစ်-၁၉ရောဂါ စီးပွားရေးကုစားမှု အစီအစဉ်အရ မျိုးစေ့ထုတ်စိုက်ခင်းအား မျိုးကွဲနုတ်ပယ်ခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက တုံတာမြို့ရပ်ကွက်-၄ရှိ တောင်သူ ဒေါ်နန်းကောင်ရှဲန်၏ ရွှေရင်အေးမျိုးစေ့ထုတ်စိုက်ခင်း၌ ကွင်းဆင်းဆောင်ရွက် ခဲ့သည်။
မော်လမြိုင်မြို့တွင်သတ်မှတ်နေရာများ၌အသွားအလာကန့်သတ်ထားရှိမည်
Aug 29,2020
မွန်ပြည်နယ်မော်လမြိုင်မြို့သတ်မှတ်နေရာများ၌ အသွားအလာကန့်သတ်ထားရှိမည့် (၁၀)မြို့နယ် ဆောင်နှင့်ပညာရေး ကောလိပ်သို့ ယမန်နေ့ညနေပိုင်းတွင် ကရင်ပြည်နယ် မြဝတီမြို့မှ တစ်ဆင့် ဝင်ရောက် လာသောနေရပ်ပြန်(၁၀၄)ဦး ရောက်ရှိလာရာ တာဝန်ရှိသူများကလက်ခံ၍အဖျားတိုင်းခြင်း ၎င်းတို့တည်းခို မည့် အဆောင်များသို့နေရာချထားပေး ကြောင်းသိရသည်။
ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် မဲ​ပေးနိုင်​ရေး နိုင်ငံပြင်ပ​ရောက်ရှိ​နေ​သူများ၏ တောင်းခံလွာ​ပုံစံ(၁၅)များကို ရပ်​/​ကျေး ကော်မရှင်များမှ ပုံစံ (၁-၃)ဖြင့် ပြုစုနိုင်​ရေးအတွက် ပုံစံများဖြန့်​ဝေ​ပေး
Aug 29,2020
​မော်လမြိုင်ခရိုင်၊ ကျိုက်မ​ရောမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ၇ရက်​နေ့တွင် ကျင်းပမည့် ပါတီစုံ ဒီမိုက​ရေစီ အ​ထွေ​ထွေ ​ရွေး​ကောက်ပွဲ၌ ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲ​ပေးနိုင်​ရေးအတွက် နိုင်ငံပြင်ပ​ရောက်ရှိ​နေသူများ၏ တောင်းခံလွှာ ပုံစံ(၁၅)များကို ရပ်ကွက်/​ကျေးရွာ​ကော်မရှင် အဖွဲ့ခွဲဝင်များမှ ပုံစံ(၁-၃)ဖြင့်ပြုစုနိုင်​ရေး ပုံစံများ​​ပေးအပ်ပွဲကို ယ​နေ့နံနက်၁၀နာရီက အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန၊အစည်းအ​ဝေးခန်းမ၌ပြုလုပ်သည်။