ဒေါ့ဖုန်းယန် ဩဂုတ် ၂၉
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့ ဈေးအတွင်းတွင် ဈေးရောင်းဈေးဝယ်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် နှာခေါင်းစည်း Mask တပ်ဆင်နိုင်ရေးအတွက် အသိပညာပေး ဆောင်ရွက် ခြင်း ကို ယနေ့ နံနက် ၇ နာရီကမြို့မဈေးတွင် ပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေးဆောင်ရွက်ရာတွင် မြို့ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံပြန်ရေး ကော်မတီ ဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးနှင့်အတူ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ နယ်မြေခံတပ်ရင်းမှ တပ်ဖွဲ့များ၊ မြို့ပေါ် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ လိုက်ပါလျက် ပြည်သူများအနေဖြင့် မပေါ့ဆကြရန်နှင့် ကုသခြင်းထက် ကြိုတင်ကာကွယ်နိုင်ခြင်းက ပိုမိုထိရောက်မှုရှိသဖြင့် အပြင်ထွက်တိုင်း နှာခေါင်းစည်း Maskတပ်ဆင်ပြီးမှ အပြင်ထွက် ဈေးရောင်းဈေးဝယ် ပြုလုပ်ကြရန်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို တိကျစွာ လိုက်နာကြရန်နှင့်နှာခေါင်းစည်း Mask တပ်ဆင်ခြင်း မရှိသူများအား Mask အခမဲ့ တပ်ဆင်ပေးပြီး Mask အခုရေ (၅၀၀ )ကိုအခမဲ့ဖြန့်ဝေကာအသိပညာပေး ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
မြသက် ( ပြန်/ဆက် )