မဲဆန္ဒရှင်စာရင်းများ တစ်စုံတစ်ရာလွဲမှားမှုမရှိစေရေးကွင်းဆင်းစစ်ဆေး
Aug 29,2020
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင် မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲဆန္ဒစာရင်းများ တစ်စုံတစ်ရာလွဲမှားမှု အဖြစ်ပေါ်စေရးအတွက် ကောလင်းမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်နိုင်ဝင်း၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဝင်းကိုကို၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန် ရှိသူတို့က ယမန်နေ့ နံနက် ၁၀နာရီအချိန်က ကောလင်းမြို့ပေါ် (၈)ရပ်ကွက် မဲဆန္ဒရှင်ပြည်သူများထံသို့ တစ်အိမ်တက် တစ်အိမ်ဆင်း စနစ်ဖြင့် မဲဆန္ဒစာရင်းတွင်ပြည့်စုံမှန်ကန်မှုရှိ/မရှိ မြေပြင်တိုက်ဆိုင် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။