ပုသိမ်မြို့တွင် မဲဆန္ဒရှင်စာရင်းများမှ ပုံစံ(၃)၊ ပုံစံ(၄)၊ ပုံစံ(၄-ဂ)ဖြင့် လျှောက်ထားသူများကို ပြင်ဆင် ဆောင်ရွက်ပေး

ပုသိမ်  သြဂုတ် ၂၉

ပုသိမ်မြို့တွင် ယမန်နေ့အထိ ​ရပ်ကွက်၊ ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများတွင် မဲဆန္ဒရှင် များအား ပုံစံ-၃ ၊ပုံစံ - ၄၊ ပုံစံ ၄-ဂ တို့ဖြင့် လျှေက်ထားသူများကို မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးများတွင် မဲစာရင်းထည့်သွင်းခြင်း၊ ပယ်ဖျက်ခြင်း ၊ပြင်ဆင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ရပ်ကွက် နှင့် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲ ရုံးများက ပုံစံ-၃ ဖြင့် လျှောက်ထား လာသူ  ၃၈၁၅ ဦး၊ မဲစာရင်း၌ မပါဝင်သင့်သူများ ပါဝင်နေ၍ ပုံစံ -၄ ဖြင့်လာရောက် ကန်ကွက်သူ ၉၅၃  ဦး မဲစာရင်းနှင့်ပတ် သက်၍ ပြင်ဆင်လွှာ ပုံစံ ၄-ဂ ဖြင့်လျှောက်ထားသူ ၁၂၉၃ ဦးအား ပြင်ဆင်ပြီးစီးကြောင်းသိရသည်။

ပုသိမ်မြိုနယ်တွင် ရပ်ကွက် ၂၅၊ ကျေးရွာအုပ်စု ၅၃၊ မဲရုံအရေအတွက် ၂၀၀ ရှိပြီး၊ ဇူလိုင် ၂၅ ရက်နေ့ ထုတ်ပြန်ချက်အရ အခြေခံ မဲဆန္ဒရှင်ဦးရေ ကျား ၁၁၇၇၃၂ ဦး၊မ ၁၃၁၂၁၁ဦး၊ စုစုပေါင်း  ၂၄၈၉၄၃ ဦးရှိကြောင်း မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးမှသိရသည်။

မောင်မောင်မြင့်(ပြန်/ဆက်)