ဟိုပုံးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် နှာ​ခါင်းစည်းMaskများ​ ဖြန့်ဝေခြင်းနှင့် အသိပညာ​ပေးခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်​ဆက်လက်ဆောင်ရွက်

ဟိုပုံး  ဩဂုတ် ၂၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊  ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ် နိုင်ရေးအတွက် မြို့နယ်အတွင်းရှိ သီရိမင်္ဂလာရွှေချမ်းသာ မွေတော်ဘုရားကြီးရှေ့လမ်းဆုံနှင့် ဟိုပုံးမြို့မဈေးသွားလမ်းတွင်         နှာ​ခေါင်းစည်း Mask များ​ဖြန့်ဝေ ခြင်းနှင့် အသိပညာ​ပေးခြင်းလုပ်ငန်းများ ကို ယနေ့နံနက် ၈ နာရီအချိန်မှစတင်၍ ဆောင်ရွက်ခဲ့ ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ ကျန်းမာရေး ဌာနမှူး ဒေါက်တာမောင်မောင်သိန်း၊  မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးမောင်မောင်မြင့်၊ မြို့နယ်မီးသတ်ဦးစီးဌာန တို့မှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့၊  ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီဖွဲ့နှင့် စေတနာ့ဝန်ထမ်း များသည်  ​စျေးဝယ်လာ​သော ပြည်သူများနှင့် ခရီးသွားပြည်သူများအား အပြင်ထွက်သည့် အခါတိုင်း နှာခေါင်းစည်း Maskများ တပ်ဆင်ကြရန်၊ လူစုလူဝေး နေရာများကို မလိုအပ်ဘဲသွားလာ ခြင်းမပြုရန် စသည်ဖြင့် အသိပညာ​ပေး​ပြောကြားခြင်းနှင့် နှာ​ခေါင်းစည်း Mask (၇၀၀)ခုအခမဲ့ဖြန့် ဝေ​ခြင်း ကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဟိုပုံးမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ အနေဖြင့် ကိုဗစ်-၁၉ ​ရောဂါ ကြိုတင် ကာကွယ်​ရေးအတွက် လူစည်ကားရာ​နေရာများဖြစ်သည့် ​စျေး၊ လမ်းဆုံနှင့် အများပြည်သူနှင့် သက်ဆိုင်​သော​နေရာ၊ ရပ်ကွက်များ အတွင်းတွင် အသိပညာ​ပေးနှိုးဆော်ခြင်း၊ နှာ​ခေါင်းစည်းMaskများ​ ဖြန့်ဝေခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်​​ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ကြောင်းသိရသည်။

နေမင်းထွန်း(ဟိုပုံး)