ရေကြည် ဩဂုတ် ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးနှင့်ထိန်းချူပ် ရေးလုပ်ငန်း များကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ အသုတ်မြို့ရှိ ဒေသခံပြည်သူများအနေ ဖြင့် ပေါ့ဆစွာ နေထိုင် ခြင်း မပြုကြရန်နှင့် မိမိနေအိမ်မှ ပြင်ပထွက်ခွာသွားလာရာတွင် အသိ သတိ အမြဲရှိနေစေရေးတို့အတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီမှ ယနေ့ နံနက်(၈)နာရီတွင် လူစည်ကားရာ မြို့မဈေးရှေ့၌ ပြည်သူများအား နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဖြန့်ဝေပေးခြင်းကို မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းခိုင်ဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်ကံညွန့်၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ဇော်အောင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပရဟိတလူမှုရေးအသင်းအဖွဲ့များက မြို့မ ဈေးရှေ့ရှိ ဆိုင်ကယ် Taxi ယာဉ်မောင်းများ၊ အနှေးယာဉ်လုပ်သားများနှင့် ဖြတ်သန်းသွားလာနေကြသည့် ပြည်သူများအား နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခဲ့ပြီး နေအိမ်ပြင်ပထွက်တိုင်း နှာခေါင်းစည်းများ တပ်ဆင်ကြရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များကို စနစ်တကျ လိုက်နာကြရန် အသိပညာပေး ပြောကြား ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်အတွက် ရေကြည် မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင်လည်း တာဝန်ရှိသူများက အသံချဲ့စက်များဖြင့် အသိပေးကြေညာ ခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောင်သူဟန် (ပြန်/ဆက်)