ထီးချိုင့်မြို့နယ်တွင် စီးပွားရေးကုစားမှုအစီအစဉ် CERP အရ မိုးစပါးမျိုးစေ့ထုတ် ဆောင်ရွက်သည့်တောင်သူများအား စိုက်ပျိုးစရိတ်ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကျင်းပ

ထီးချိုင့် ဩဂုတ် ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာလ စီးပွားရေးကုစားမှု CERP အစီအစဉ်ဖြင့် မိုးစပါး စီးပွားဖြစ် မျိုးသန့်၊ မျိုးစေ့ ထုတ်တောင်သူများအား မျိုးဖိုးနှင့်စိုက်ပျိုးစရိတ်ထောက်ပံ့ငွေပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲ (၂)နာရီက မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

အဆိုပါ ထောက်ပံ့ငွေပေး အပ်ပွဲ၌ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးစိုးလွင်မှ အဖွင့်အမှာစကားပြောကြား၍ မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးဇော်ဦးက မိုးစပါးစီးပွားဖြစ် မျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ ငွေပေးအပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ထီးချိုင့်မြို့ နယ်အတွင်းရှိ မိုးစပါးစီးပွား ဖြစ် မျိုးသန့်၊ မျိုးစေ့ထုတ်စိုက်ပျိုးသည့် ကျေးရွာအုပ်စု ၁၅ အုပ်စု၊‌‌ ကျေးရွာ (၂၇) ရွာမှ တောင်သူ ၉၈ ဦး၏ မိုးစပါးမျိုးစေ့ထုတ်(RS to CS)လယ် ဧက ၄၀၀ တွင် ဧရာမင်း၊ ဆင်း သုခ၊ ဆင်းဧကရီ - ၃ မျိုးသန့် မျိုးစေ့များအတွက် အရည်အ‌‌ သွေးကောင်း မျိုးဖိုးတစ်ဧက လျှင်(၁၀၅၀၀)ကျပ်၊  အထွက်ကောင်းမျိုးဖိုးတစ်ဧကလျှင်(၇၅၀၀)ကျပ်၊ စိုက်ပျိုးစရိတ် တစ်ဧကလျင်(၇၅၀၀၀) ကျပ်နှုန်းဖြင့်မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက တောင်သူများ၏ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ရဲလင်းထွန်း ထီးချိုင့်