တန့်ယန်း သြဂုတ် ၂၉
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် အထွေထွေရွေးကောက်ပွဲကြီးအတွက် ပြည့်စုံသော မဲဆန္ဒရှင်စာရင်း ရရှိစေရန်နှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း၌ နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားရရှိစေရေးနှင့် ဆန္ဒမဲပေးခွင့် ရရှိစေရေးအတွက် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာန မှူးရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ရပ်ကွက်၊ ကျေးရွာများသို့ ကွင်းဆင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေး လျက်ရှိသည်။
ထိုသို့ အရှိန်အဟုန်မြှင့်ကာ ကွင်းဆင်း၍ ဆောင်ရွက်ပေးနေရာ ယနေ့ နံနက်ပိုင်းက အမှတ်(၅) ရပ်ကွက်၌ အသက်(၁၈) နှစ်ပြည့်ပြီး မဲစာရင်းတွင်ပါဝင်သော နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသေးသူများကို နိုင်ငံသား စိစစ်ရေးကတ်ပြားရရှိစေရေး အတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီး ဌာနမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးခင်မောင်ရွှေနှင့် ဝန်ထမ်းများက ကွင်းဆင်း၍ ဥပဒေလုပ်ထုံးလုပ်နည်းများ နှင့်အညီ စိစစ်ဆောင်ရွက်ပေးလျက်ရှိရာ ရပ်ကွက်အုပ်ချုပ် ရေးမှူးနှင့် တာဝန်ရှိသူများက ကူညီဆောင်ရွက် ပေးကြကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)