သတင်းများ

မြစ်သားတွင် ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ကိုဗစ်−၁၉ ​ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အစည်းအဝေးကျင်းပ
Sep 10,2020
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မိုးသည် မြို့နယ်အဆင့် ဌာနဆိုင်ရာများဖြင့် ပုံမှန်လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၁၂/၂၀၂၀)နှင့်အတူ ကိုဗစ်−၁၉ ​ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်သည့် အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။
ပန်ဆိုင်း(ကြူကုတ်)မြို့၌ မသန်စွမ်းသူ စုစုပေါင်း(၄၇)ဦးကို အိမ်တိုင်ရာအရောက် ထောက်ပံ့ငွေများပေးအပ်
Sep 10,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့၊ နယ်စပ်ဒေသ၌ လူမှုဝန်ထမ်း ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ယနေ့ နံနက်(၁၀)နာရီအချိန်က ပန်ဆိုင်းမြို့၊ မြို့ပေါ်နှင့် ကျေးရွာ များအတွင်းရှိ မသန်စွမ်းသူ စုစုပေါင်း(၄၇)ဦးကို အိမ်တိုင်ရာရောက် ထောက်ပံ့ငွေများ အသီးသီး လက်ဝယ် အရောက်ပေးအပ်သည်။
တာမိုးညဲမြို့၌ ဈေးဆိုင်နှင့် စားသောက်ဆိုင်များ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဈေးရောင်းချမှု ရှိ/မရှိ လိုက်လံကြည့်ရှုစစ်ဆေး
Sep 10,2020
မူဆယ်ခရိုင်၊ တာမိုးညဲမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခြင်းမှ ကြိုတင်ကာကွယ်ရေးအတွက် ဈေးဆိုင်များနှင့် စားသောက်ဆိုင်များကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန် ထားသည့် လမ်းညွှန်စည်းကမ်းချက်များနှင့်အညီ ဈေးရောင်းချမှုရှိ/မရှိ လိုက်လံကြည့်ရှုစစ်ဆေးခြင်းကို ယမန်နေ့ နံနက်(၉)နာရီအချိန်ခန့်က တာမိုးညဲမြို့၊ မြို့နယ်(ခွဲ) စည်ပင် သာယာရေး ဌာနမှ ကွင်းဆင်းစစ်ဆေးခဲ့သည်။
လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် ကိုယ်အပူချိန်တိုင်းတာခြင်း ကို အိမ်တိုင်ရာရောက် လိုက်လံဆောင်ရွက်
Sep 10,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်အတွင်းရှိ ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် မြို့နယ်ကျန်းမာရေးဌာနမှ ဆရာမများ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ ပူးပေါင်း၍ ရပ်ကွက်/ကျေးရွာများအတွင်း နေထိုင်ကြသည့် ပြည်သူများအား ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအနေဖြင့် အိမ်တိုင်ရာရောက် လိုက်လံ၍ ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ ဒေသခံပြည်သူများမှ ကြည်ဖြူစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြပြီး တစ်ဦးချင်း ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ အပြင်သွားပါက နှာခေါင်းစည်း Mask များ မဖြစ်မနေ တပ်ဆင်ရန် မှာကြားခြင်း၊ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လူစုလူဝေးမပြုလုပ်ရန်၊ တစ်ဦးနှင့် တစ်ဦး ခြောက်ပေအကွာနေထိုင်ကြရန်၊ လက်များကို မကြာခဏ စက္ကန့်(၂၀)ကြာအောင်စနစ်တကျ ဆေးကြောရန်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အတိုင်း တိကျစွာလိုက်နာ ဆောင်ရွက်ကြရန် အသိပညာပေး ဆောင်ရွက်သည်။
ကဝမြို့နယ်တွင် ငါးမွေးတောင်သူများအား ငါးသားပေါက်များ ထောက်ပံ့ပေးအပ်
Sep 10,2020
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် နိုင်ငံတော်အစိုးရမှ Covid-19 Economic Relief Plan ပါ Action Plan အရ ကိုဗစ်-၁၉ အလွန် ငါးမွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ ပြန်လည် ဦးမော့လာ စေရန် ရည်ရွယ်၍ ငါးမွေးတောင်သူများကို ငါးသားပေါက်များ ထောက်ပံ့ပေးအပ်လျက်ရှိရာ ကဝမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ငါးမွေးတောင်သူများထံ သို့ ငါးသားပေါက်များ ထောက်ပံ့ပေး အပ်ခြင်းအား ယမန်နေ့ နံနက် (၈)နာရီအချိန်က အလယ်ရွာကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ သည်။
ဟားခါးမြို့နယ်အတွင်း Facility Quarantine ဝင်ရောက်နေသူများအား ချင်းပြည်နယ်အစိုးရအဖွဲ့မှထောက်ပံ့ငွေများပေးအပ်
Sep 10,2020
ချင်းပြည်နယ် Coronavirus Disease 2019 ( COVID-19) ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ လမ်းညွှန်မှုနှင့်အတူ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန် ကြေညာချက်များနှင့် အညီ ဟားခါးမြို့နယ်အတွင်း ပြည်ပနိုင်ငံများနှင့် ပြည်တွင်းမှ ပြန်လည် ရောက်ရှိလာပြီး စက်တင်ဘာလ ၉ ရက်နေ့ အထိ Facility Quarantine ဝင်ရောက်နေသူဦးရေ စုစုပေါင်း ၃၄ ဦး ကျန်ရှိနေကြောင်း ဟားခါးမြို့နယ် (COVID-19) ကာကွယ်ရေးနှင့် တုံ့ပြန် ဆောင်ရွက်ရေး လုပ်ငန်းကော်မတီထံမှ သိရှိရသည်။
ပင်လောင်းမြို့၌ မိုးစပါးမျိုးစေ့ထုတ်စိုက်ဧက ၇၀ တွင် မျိုးကွဲပယ်ခြင်း လက်တွေ့ ကွင်းဆင်းသရုပ်ပြပွဲ ဆောင်ရွက်
Sep 10,2020
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု(CERP)အစီအစဉ်ဖြင့် ဆောင်ရွက်သော မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းဧက ၇၀ တွင် မျိုးကွဲပယ်ခြင်းလုပ်ငန်းများ လက်တွေ့ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့က နန်းတုတ်ကျေးရွာအုပ်စု လွယ်ကျိုင်းကျေးရွာ၌ ဆောင်ရွက်ခဲ့သည်။