ပွင့်ဖြူမြို့နယ်၌ အသက်(၈၅)နှစ်အထက် အဘိုးအဘွားများကို နိုင်ငံတော်မှ လူမှုရေး ပင်စင် ထောက်ပံ့ငွေများ ပေးအပ်
Sep 10,2020
နိုင်ငံတော်မှ လူသားချင်းစာနာ ထောက်ထားမှုအစီအစဉ်ဖြင့် အသက်(၈၅)နှစ်အထက် အဘိုးအဘွားများကို တစ်လလျှင် ငွေကျပ် တစ်သောင်းနှုန်းဖြင့် လူမှုရေးပင်စင် ထောက်ပံ့ ငွေများကို (၃)လတစ်ကြိမ် ထောက်ပံ့ပေးလျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွားများကို (ဇူလိုင် ၊ ဩဂုတ် ၊ စက်တင်ဘာ)လအတွက် ထောက်ပံ့ပေးသည့် လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးများထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာနရုံးမှ သိရ သည်။