သတင်းများ

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် ကတ္တရာလမ်းဖောက်လုပ်မည့် ကျေးရွာများသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Sep 09,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ကတ္တရာလမ်း ဖောက်လုပ်မည့် ကျေးရွာများသို့ တာဝန်ရှိသူ များက ယနေ့နံနက်(၁၀) နာရီအချိန်ခန့်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ဖားကန့်၌ ကိုဗစ်-၁၉ အတည်ပြုလူနာ အမျိုးသားအား သီတဂူစက္ခုဒါနဆေးရုံ၌ ထားရှိ ကုသပေးသွားမည်
Sep 09,2020
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှ ကိုဗစ်-၁၉ အတည်ပြုလူနာ အမျိုးသားအား အိုးအိမ် ဝန်ထမ်းအိမ်ရာ အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစင်တာမှ ဖားကန့် သီတဂူစက္ခုဒါန ဆေးရုံသို့ ယနေ့ မွန်းတည့် ၁၂ နာရီခန့်က လွှဲပြောင်းကုသပေးလျက်ရှိကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ဗိုလ်တထောင်မြို့နယ်တွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကြေညာနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Sep 09,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် ရွေးကောက်ပွဲကော်မရှင် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နေ့လည်(၂:၀၀)နာရီက မြို့နယ်ကော်မရှင် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
တကောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းကို အရှိန်အဟုန်မြှင့်ဆောင်ရွက်
Sep 09,2020
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ တကောင်းမြို့အတွင်းရှိ ပြည်သူများအတွက် ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းအသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ညနေ (၆)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံမြို့သစ်သို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အလှူငွေများ လာရောက်လှူဒါန်း
Sep 09,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြိုနယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်တာဆီးရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် အလှူငွေများကို ယမန်နေ့ ညနေပိုင်းက ရွှေပေါက်ကံမြို့သစ်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထန်းတပင်မြို့နယ်၌ နေရပ်ပြန်(၉)ဦးအား Facility Quarantine သီးသန့်နေထိုင်စောင့်ကြည့်
Sep 09,2020
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ရေကျော်ကျေးရွာ ( ၂ ) ဦး ဘုမ္မတီးကျေးရွာ (၁) ဦး ၊‌ ဇရပ်ကြီးကျေးရွာ(၄)ဦး၊ ကင်မွန်းချုံကျေးရွာ(၁)ဦး ၊ လှည်းလမ်းကူး (၁) ဦး စုစုပေါင်း (၉)ဦး တို့သည် ပြည်ပနိုင်ငံရှိ စက်ရုံများတွင် သွားရောက်လုပ်ကိုင်ခဲ့ပြီး မိမိတို့နေရပ်သို့ ပြန်လာရာ ယမန်နေ့ ညနေ (၅ ) နာရီခွဲက ထန်းတပင်မြို့သို့ ပြန်လည်ရောက်ရှိခဲ့သည်။
ဒေါပုံမြို့နယ်တွင်   မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီလုပ်ငန်း ညှိနှိုင်း အစည်းအဝေးပြုလုပ်
Sep 09,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ် မြို့နယ်ရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်(၁၁)နာရီက အမှတ်(၁)အခြေခံ ပညာ အထက်တန်းကျောင်းခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။