ပေါင်းတည်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြုပစ္စည်းများလှူဒါန်း
Sep 09,2020
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန္ဒာဝင်းနှင့် အဖွဲ့ဝင်များသည် မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များ မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန ဝန်ထမ်းများနှင့်အတူ ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ် အားကစားခန်းမတွင် ဖွင့်လှစ် ထားရှိသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး Facility Quarantine Centre သို့ သွားရောက်၍ စောင်ကြည့်ခံရသူများကို အားပေးစကားများ ပြောကြားကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြု ပစ္စည်းဖြစ်သည့် Mask ၁၅၀ ခု၊ Face shield ၁၅ ခု ရန်ကုန်-ပြည်လမ်းမရှိ ခရီးသွားပြည်သူများအား ကျန်းမာရေး စစ်ဆေးရေးဂိတ်သို့ Mask ၁၅၀ ခု။ Faces hield ၁၅ ခု မြို့နယ် အတွင်းရှိ ကျေးလက်ကျန်းမာရေးဌာနခွဲများအတွက် Faces hield ၅၀နှင့် သဒ္ဓမ္မဇောတိကာရုံ စာသင်တိုက်သို့ Mask ၂၅၀ခု၊ Faces hield ၅ခုတို့အား အသီးသီးသွားရောက် လှူဒါန်းခဲ့ကြောင်း သိရ သည်။