ပင်လောင်းမြို့၌ မိုးစပါးမျိုးစေ့ထုတ်စိုက်ဧက ၇၀ တွင် မျိုးကွဲပယ်ခြင်း လက်တွေ့ ကွင်းဆင်းသရုပ်ပြပွဲ ဆောင်ရွက်

ပင်လောင်း   စက်တင်ဘာ  ၁၀

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု(CERP)အစီအစဉ်ဖြင့် ဆောင်ရွက်သော မိုးစပါး မျိုးစေ့ထုတ် စိုက်ခင်းဧက ၇၀ တွင် မျိုးကွဲပယ်ခြင်းလုပ်ငန်းများ လက်တွေ့ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့က နန်းတုတ်ကျေးရွာအုပ်စု လွယ်ကျိုင်းကျေးရွာ၌ ဆောင်ရွက်ခဲ့သည်။

တောင်ကြီးခရိုင်ဦးစီးမှူးရုံး မျိုးစေ့တာဝန်ခံ ဦးဆွေတင်သန်း၊ ခရိုင်မြေအသုံးချရေးတာဝန်ခံ ဒေါ်ဟေမာန်ဦး၊ ဦးစီးအရာရှိဒေါ်နီနီဝင်း၊ ခရိုင်ပိုးမွှားဌာနခွဲမှ ဒေါ်နှင်းနု (ခရိုင်မြေ၊ မျိုး၊ ပိုး) စစ်ဆင်ရေးအဖွဲ့၊ မြို့နယ်ဦးစီးအရာရှိ ဦးအောင်ကျော်နိုင်နှင့် ဝန်ထမ်းများက တောင်သူဦးထွန်းကြည်၏ မျိုးစေ့ထုတ်စိုက်ခင်းတွင် မျိုးကွဲပယ်ခြင်း လက်တွေ့ သရုပ်ပြခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး ပန်းပွင့်ကာလနှင့် အနှံရင့်မှည့် ကာလများတွင်လည်း မျိုးကွဲပယ်ခြင်း လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)