ပန်ဆိုင်း(ကြူကုတ်)မြို့၌ မသန်စွမ်းသူ စုစုပေါင်း(၄၇)ဦးကို အိမ်တိုင်ရာအရောက် ထောက်ပံ့ငွေများပေးအပ်

 

ပန်ဆိုင်း      စက်တင်ဘာ ၁၀

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့၊ နယ်စပ်ဒေသ၌ လူမှုဝန်ထမ်း ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ယနေ့ နံနက်(၁၀)နာရီအချိန်က ပန်ဆိုင်းမြို့၊ မြို့ပေါ်နှင့် ကျေးရွာ များအတွင်းရှိ မသန်စွမ်းသူ စုစုပေါင်း(၄၇)ဦးကို အိမ်တိုင်ရာရောက် ထောက်ပံ့ငွေများ အသီးသီး လက်ဝယ် အရောက်ပေးအပ်သည်။

အဆိုပါထောက်ပံ့ငွေများကို ပန်ဆိုင်း(ကြူကုတ်)မြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးမင်းဇာနည်၊ ဌာနဆိုင်ရာများရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာစာရေးတို့က ထောက်ပံ့ငွေ စုစုပေါင်း ကျပ်ငွေ (၁၄)သိန်း ကျော်ကို တစ်ဦးလျှင်( ၃၀၀၀၀ )ကျပ်နှုန်းဖြင့်  အိမ်တိုင်ရာရောက်၍ လက်ဝယ် အရောက် အသီးသီး ပေးအပ် သည်။

ပန်ဆိုင်း(ကြူကုတ်)မြို့၊ မြို့ပေါ်နှင့် ရပ်ကွက်ကျေးရွာ အတွင်းရှိ ကိုယ်အင်္ဂါ မသန်စွမ်းသူများ၊ အကြား အာရုံ မသန်စွမ်း သူများ၊ ဉာဏ်ရည် ဉာဏ်သွေး မပြည့်ဝသူများနှင့် အမြင်အာရုံ ချို့တဲ့သူများကို စနစ်တကျ မှတ်တမ်း ကောက်ယူပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်းသိရသည်။

 သန်းမိုးခိုင် (ပြန်/ဆက်)