သတင်းများ

ကျောက်တလုံးကြီးမြို့၊ပင်တွန်ကျေးရွာအုပ်စုတွင်မိုးစပါးမျိုးစေ့ထုတ်စိုက်ပျိုးထားရှိမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှု စစ်ဆေး
Sep 09,2020
ရှမ်ပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၊ ပင်တွန်ကျေးရွာအုပ်စုရှိ မိုးစပါး မျိုးစေ့ထုတ် စိုက်ကွင်းများအတွင်း ပိုးမွှားများ ကျရောက်မှု ရှိ၊မရှိ ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းကို ကျောက်တလုံးကြီးမြို့၊ စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ဦးစီးမှူးနှင့် ဝန်ထမ်းများ က ယမန်နေ့က သွားရောက် ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
မင်းကင်းမြို့နယ်၌ ကိုဗစ်-၁၉ ကာလအတွင်း စီပွားရေးကုစားမှု CERP အစီအစဉ်ဖြင့် မိုးစပါး မျိုးစေ့ထုတ် စိုက်ခင်း (၂၆၄) ဧက ရာနှုန်းပြည့်စိုက်ပျိုးပြီးစီး
Sep 09,2020
စစ်ကိုင်းတိုင်းဒေသ၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာလအတွင်း ကုစားမှု CERP အစီအစဉ်ဖြင့် မိုးစပါး မျိုးစေ့ထုတ် စိုက်ခင်း စုစုပေါင်း (၂၆၄) ဧက လျာထား စိုက်ပျိုးခဲ့ရာ သြဂုတ်လကုန်ပိုင်းက ရာနှုန်းပြည့် စိုက်ပျိုး ပြီးစီးသွားခဲ့ကြောင်း သိရသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) မှ လွိုင်လင်မြို့နယ်အတွင်းရှိ အော်တိုကြိုးဖုန်းများအား FWA ( Fix Wireless Access) စနစ်ဖြင့် အဆင့်မြှင့်တင်ပြောင်းလဲတပ်ဆင်ပေး
Sep 09,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) လွိုင်လင်မြို့မှ မြို့နယ်အတွင်းရှိ အော်တိုကြိုးဖုန်းများအား FWA (Fix Wireless Access) စနစ်ဖြင့် အဆင့်မြှင့်တင်ပြောင်းလဲ တပ်ဆင်ပေးခြင်းလုပ်ငန်းကို စက်တင်ဘာလ ၂ ရက်နေ့မှ စတင်၍ ဆောင်ရွက်ပေးလျှက်ရှိရာ MSAN (Multi Service Access Node)/ FWA ( Fix Wireless Access)နှင့် FTTH (Fiber to the Home) စသည့်စနစ်များဖြင့် သုံးစွဲသူပြည်သူများအား ပိုမိုကောင်းမွန်သော ဆက်သွယ်ရေး ဝန်ဆောင်မှုအရည်အသွေးများရရှိစေရန်အတွက် အဆင့်မြှင့်တင်ပြောင်းလဲခြင်းနှင့် တိုးချဲ့တပ်ဆင်ခြင်း စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများ လိုက်နာရေး ညွှန်ကြားချက်များအား ညစဉ်လှည့်လည်ကြေညာ
Sep 09,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ပြည်သူများ သိသင့်သိထိုက်သော လိုက်နာရမည့် အမိန့်များနှင့် ညွှန်ကြားချက်များအား ရပ်ကွက်များ အတွင်း ညစဉ်လှည့်လည်ကြေညာပေးလျက်ရှိကြောင်း သိရသည်။
လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အပြင်ပဒံကျေးရွာ၌ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး ကျန်းမာရေး စစ်ဆေးပေးခြင်းကို အိမ်တိုင်ရာရောက် လိုက်လံဆောင်ရွက်ပေး
Sep 09,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ကိုဗစ်−၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး ကျန်းမာရေး စစ်ဆေးပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီခန့်က အပြင်ပဒံကျေးရွာအတွင်း အိမ်တိုင်ရာ ရောက် လိုက်လံဆောင်ရွက်ပေးသည်။
သန်လျင်မှ တက္ကသိုလ်ဝင်တန်းဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများအား အိမ်တိုင်ရာရောက် ဂုဏ်ပြုချီးမြှင့်
Sep 09,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် အောင်မင်္ဂလာရပ်ကွက်အတွင်းမှ ၂၀၂၀ ပြည့်နှစ် တက္ကသိုလ် ဝင်တန်း စာမေးပွဲတွင် ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သူများအား အောင်မင်္ဂလာစာဖတ်ခန်းနှင့် ပရဟိတ အဖွဲ့က ဦးဆောင်၍ ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ယနေ့ နံနက်က အိမ်တိုင်ရာရောက် ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သိရသည်။ ယင်းသို့ ဂုဏ်ပြုချီးမြှင့်ရာတွင် ရပ်ကွက်အတွင်း နေထိုင်သူ တက္ကသိုလ် ဝင်တန်း ငါးဘာသာဂုဏ်ထူးရှင်တစ်ဦး၊ သုံးဘာသာဂုဏ်ထူးရှင်တစ်ဦး၊ နှစ်ဘာသာဂုဏ်ထူး ရှင်တစ်ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် (၁၆)ဦး စုစုပေါင်း(၁၉)ဦးတို့ အား ထောက်ပံ့ဂုဏ်ပြုချီးမြှင့်ခဲ့သည်။
ပင်းတယမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးပစ္စည်းများ ပေးအပ်လှူဒါန်း
Sep 09,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး ခန်းမ၌ ပင်းတယမြို့ ရွှေဓနုကိုယ့်အားကိုယ်ကိုး ဒေသဖွံ့ဖြိုးရေးအဖွဲ့မှ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီသို့ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးပစ္စည်းများကို ယနေ့နံနက် ၁၁ နာရီအချိန် က ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
မင်္ဂလာတောင်ညွန့်မြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့်  ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပရာ၌ ဝင်ရောက်ယှဥ်ပြိုင်ကြမည့် နိုင်ငံရေးပါတီ များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးဆောင်ရွက်
Sep 09,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲ​ကော်မရှင်အဖွဲ့ခွဲနှင့်