ကဝမြို့နယ်တွင် ငါးမွေးတောင်သူများအား ငါးသားပေါက်များ ထောက်ပံ့ပေးအပ်

ကဝ စက်တင်ဘာ ၁၀


ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် နိုင်ငံတော်အစိုးရမှ Covid-19 Economic Relief Plan ပါ Action Plan အရ  ကိုဗစ်-၁၉ အလွန် ငါးမွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ ပြန်လည် ဦးမော့လာ စေရန် ရည်ရွယ်၍ ငါးမွေးတောင်သူများကို ငါးသားပေါက်များ ထောက်ပံ့ပေးအပ်လျက်ရှိရာ ကဝမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ငါးမွေးတောင်သူများထံသို့ ငါးသားပေါက်များ ထောက်ပံ့ပေး အပ်ခြင်းအား ယမန်နေ့ နံနက် (၈)နာရီအချိန်က အလယ်ရွာကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ သည်။
အဆိုပါ ပေးအပ်ပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှသန်း၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးခိုင်၊ ပဲခူးခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးဇော်မြင့်နိုင်၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန မှူး ဦးထိန်ဝင်းတို့မှ အလယ်ရွာကျေးရွာရှိ ငါးမွေးတောင်သူ(၇၅)ဦး၏ ငါးမွေးကန် (၂၄၆.၅၆)ဧကအတွက် ငါးသားပေါက်ကောင်ရေ (၂၅၉၆၃၀) ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ချစ်နှင်းသုန်(ပြန်/ဆက်)