ဝါးခယ်မမြို့နယ် ရွှေလောင်းတံတားပေါ်မှ ယာဉ်များ စတင်ဖြတ်သန်းခွင့်ပြု
Sep 10,2020
ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ် ရွှေလောင်းကျေးရွာအုပ်စုရှိ ရွှေလောင်း တံတား ဟောင်းကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၂၀)ရက်နေ့မှာ ဖြုတ်သိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးနောက် တံတားအဆင့်မြှင့်တင် တည်ဆောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ ရာခိုင်နှုန်းအပြည့်နီးပါး ဆောင်ရွက်ပြီးဖြစ်သဖြင့် မော်တော်ယာဥ်များအား ယနေ့ နံနက် ၆ နာရီမှစတင်၍ ဖြတ်သန်းသွားလာခွင့်ပြုခဲ့ကြောင်း သိရသည်။