သတင်းများ

ပင်လုံမြို့ ပင်လုံအရှေ့ကျေးရွာ အုပ်စုရှိ ပြည်သူများအား စားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်လှူဒါန်း
Sep 10,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ် ပင်လုံမြို့တွင် စားနပ်ရိက္ခာများလိုအပ်လျှက်ရှိသည့် ပင်လုံအရှေ့ ကျေးရွာ အုပ်စု၊ နောင်ကားကျေးရွာရှိ ဆင်းရဲနွမ်းပါးသည့် အိမ်ထောင်စု(၆)စုအား ယမန်နေ့ နံနက် ၁၀ နာရီခန့်က ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ၊ ကြက်ဉနှင့် နှာခေါင်းစည်း (Mask) များ သွားရောက် ထောက်ပံ့ လှူဒါန်း ခဲ့ကြောင်းသိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့ စည်ပင်သာယာရေးကော်မတီအဖွဲ့က မြို့မဈေးအတွင်းရှိ အလှကုန် ပစ္စည်းဆိုင်နှင့် ဟင်းချိုမှုန့်ဆိုင်တို့အား မြန်မာစာကုန်အညွှန်းများ ကပ်ထားခြင်း ရှိ/ မရှိ စစ်ဆေး
Sep 10,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့၊ စည်ပင်သာ ယာရေးကော်မတီအဖွဲ့က မြို့ မဈေးဆိုင်တွင် ယမန်နေ့၊ နံနက် (၁၀)နာရီအချိန်က mistine အလှကုန်ရောင်းချသည့်ဆိုင်နှင့် အာဂျီနိုမို ဟင်းချိုမှုန့် မြန်မာ စာတန်းပါ ကုန်အညွှန်းများကပ်ထား ခြင်းရှိ/မရှိ ကို ကွင်းဆင်း စစ်ဆေးခဲ့ကြကြောင်း သိရသည်။
နေအိမ်ပြင်ပထွက်ခွာသူများအား Mask များတပ်ဆင်ရန် အသိပညာပေးခြင်းနှင့် Mask များ အခမဲ့ဖြန့်ဝေ
Sep 10,2020
ချင်းပြည်နယ်၊ တွန်းဇံမြို့၌ နေအိမ်ပြင်ပထွက်ခွာသူများအား Mask များတပ်ဆင်ရန် အသိပညာပေးခြင်းနှင့် Mask များ အခမဲ့ ဖြန့်ဝေခြင်းကို ယမန်နေ့နံနက်(၉)နာရီက ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည်။
ဟားခါး၌ ယာဉ်တိုက်မှုလျော့နည်းပပျောက်စေရေး ရောင်ပြန်(Sticker)များ ကပ်နှိပ်ပေး
Sep 10,2020
ချင်းပြည်နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် ဟားခါးမြို့နယ်အတွင်း ယာဉ်တိုက်မှု လျော့နည်းပပျောက်စေရေးရည်ရွယ်၍ ​ ရောင်ပြန် (Sticker)များ ကပ်နှိပ်ပေးခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်တွင် ဟားခါးမြို့ လမ်းဆုံနေရာများတွင် အမှတ်(၁၆)ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံး(ဟားခါး)မှ ရဲအုပ်ကိုကိုမောင် ဦးဆောင်သည့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက ဆောင်ရွက်ပေးခဲ့ကြပါသည်။
ဒီးမော့ဆိုမြို့နယ်တွင် ရေကြီးနစ်မြုပ်မှုကြောင့် သီးနှံပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့သော တောင်သူများအား ထောက်ပံ့ငွေပေးအပ်
Sep 10,2020
မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးနစ်မြုပ်မှုကြောင့် သီးနှံများ ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့သော ဒီးမော့ဆို မြို့နယ် သေးဆူလဲကျေးရွာအုပ်စုအတွင်းရှိ တောင်သူ ၈ ဦးအား ကယားပြည်နယ် အစိုးရအဖွဲ့မှ ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့တွင် နှာခေါင်းစည်းတပ်သည့် အလေ့အကျင့်ဖြစ်စေရေး တတိယ အကြိမ် Mask Campaign ပြုလုပ်
Sep 10,2020
စစ်ကိုင်းတိုင်း‌ဒေသကြီး ရေဦးမြို့တွင်ကိုဗစ်−၁၉ရောဂါကူးစက်ပြန့်ပွားမှုထိန်းချုပ်ရေး ပြည်သူ များ နှာခေါင်းစည်းတပ်သွားလာသည့်အလေ့ အကျင့်ဖြစ်‌စေ‌‌ရေး ရည်ရွယ်၍ ယမန်နေ့ နံနက် ၈ နာရီက တတိယအကြိမ် Mask Campaign ပြုလုပ်ကာ ကျန်းမာရေးစစ်ဆေးခြင်း အသိပညာ ပေး ခြင်း များဆောင်ရွက်ခဲ့ကြကြောင်းသိရှိရသည်။
ရှားတောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်
Sep 10,2020
ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ထိန်းချုပ်ကုသနိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆက်လက် ဆောင်ရွက် လျက်ရှိရာ ယမန်နေ့ နံနက် (၈)နာရီအချိန်၌ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဝင်များက လူသွားလူလာများသော ဈေးပိုင်းရပ်ကွက် ကယားပိုင်း လမ်းဆုံတွင် ဆောင်ရွက်ခဲ့သည်။